မူနွဲ့ချစ်သော မမကြီး Part 3
မမကြီး နဲ့ မူနွဲ့ဟာ နီးနေရက်နဲ့ဝေးနေကြသည်
မူနွဲ့ မမကြီးကြည့်လျှင် မမကြီးက မူနွဲ့ကိုမကြည့်ပါ
မမကြီး မူနွဲ့ကိုကြည့်လျှင် မူနွဲ့ မမကြီးကိုမကြည့်ပါကိုမြတ်သာဒင်သည် ကျွန်မကိုပွဲထုတ်မရတော့
ပွဲကို အိမ်ထုတ်လာသည် ညတွင်ပြုလုပ်မည့်dinnerအတွက် ကိုမြတ်သာဒင်တစ်ယောက် လက်ညိုးတစ်ထိုးထိုး ခိုင်းနေသည်ကို ကြည့်နေမိသည်အထူးသဖြင့် မူနွဲ့ကိုအငြိုးနဲ့ ဆက်တိုက်ခိုင်းနေတာကိုပင် စိတ်ထဲမှာဘာကို အစိုင်အခဲဖစ်နေမိသည်မသိ
သူမဝင်ပြောလျှင် ကိုမြတ်သာဒင်သည် ပိုလို့တောင် တိုးလုပ်မည်
သူမ မကြည့်နိုင်တော့.........
.....................................
ခွန်အားထက်သာတဲ့ပန်းအိုးကို မပြီးနောက် မမကြီးကိုကြည့်လိုက်သည်မမကြီးဟာဖြင့် ထွက်သွားလေပီ ချစ်သောသူရဲ့ ဥပေက္ခာပါလေ
"ဟ မူနွဲ့ ငါပြောတာအဲ့နားမဟုတ်ဘူး ဟိုနားကွ ပြန်ရွေ့စမ်း"
"ဟုတ်ကဲ့ အရေးပိုင်မင်း"
.................................
"အယ် ညီမကလှတာကွယ်""ဟုတ်သားနော် အသားလေးကညိုစစနဲ့ ပြင်ပြင်ဆင်ဆင်ရှိလိုက်တော့ တင့်တယ်တာဘဲ"
အရေးပိုင်မင်းအမိန့်အရ အစေခံအားလုံးကြည့်ပျော်ရှုပျော်ပြင်ရမည်ဆို၍ ပြင်ရခြင်းဖစ်သည်
မူနွဲ့ဖြင့် ကိုယ်လုံးနဲ့တိုင်းကပ်ချုပ်ထားသည့် မြန်မာဝတ်စုံကိုသဘောမကျ ခါးတိုရင်ဖုံးဖစ်တာမို့ အသားပေါ်ရင်နေရခက်သည်
မမကြီးကတော့ ဒီလိုဟာမျိုးတွေအထည်လဲဝတ်သည် မမကြီး အဲ့လိုဝတ်စားထားတာလေးကိုက သိပ်ကိုလှသည် သွယ်နေတဲ့ခါးလေး ခပ်လုံးလုံးပုခုံးလေး
ဘယ်နည်းနဲ့မဆိုလှနေတာပါလေမူနွဲ့ဖြင့် လွမ်းရပီ အနားမှာရှိနေရက် နွမ်းလေခြင်း လွမ်းလေခြင်း
............................................
"မမကြီး မမကြီး မူနွဲ့သိပ်လှနေတယ်မလား ကြည့်ပါဦး"