[Unicode]

2K 171 45
                                    





[ ဒီဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဉ်ပုံဖော်ထားခြင်းဖြစ်၍ @Banga_wayoရဲ့ plot ideaများလည်း ပါဝင်သည်။ ]


နယ်စပ်ဒေသ၌ ဆူပူအုံကြွမှုများကို ဖြေရှင်းရန် မင်းသားဆောင်းဟွန်းက အဓိကတာဝန်ကျခဲ့တယ်။ သူဟာ လက်ရှိမှာ မင်းသားတစ်ပါးပေမယ့် မကြာခင် အိမ်ရှေ့စံဖြစ်တော့မှာမို့ စမ်းသပ်မှုများစွာကို ကျော်ဖြတ်နေရသည်။

ဉာဏ်ပညာနှင့်ပတ်သတ်သော တရားစီရင်ရေး၊စာပေများ အပြင် ယခုလို စစ်ရေးစစ်ရာတွေနှင့် လက်တွေ့တိုက်ပွဲဝင်ရခြင်း
အထိပင်ဖြစ်တယ်။ တော်ဝန်မင်းသားတွေက အိမ်ရှေ့စံဖြစ်ဖို့ အစွမ်းကုန်ကြိုးစားကြသည်။ ဒါပေမဲ့ အဆုံးမှာ မင်းသားဆောင်းဟွန်းကသာ အိမ်ရှေ့စံလက္ခဏာနှင့်ပြည့်စုံတာကြောင့် နောက်ဆုံးပြိုင်ပွဲဖြစ်သည့် ဤတိုက်ပွဲကို ဦးစီးနေခြင်းဖြစ်တယ်။

​မင်းသားက နဂိုကတည်းက စစ်ရေးကို သဘောကျသူဖြစ်၏။ နန်းတွင်းရေးဟာ ထင်တာထက် ရှုပ်ထွေးလွန်းပြီး အနည်းငယ်ပျင်းရိဖွယ်ကောင်းသည်။ သို့သော်လည်း သူဟာ ငယ်ငယ်ကတည်းက ဟွာယောင်းနယ်မြေ၊ နန်းတော်တစ်လျှောက် ကျင်လည်ခဲ့ဖူးသူမို့ ဒီအရာတွေကို ကောင်းကောင်း ကိုယ်တွယ်နိုင်မယ်ဆိုတာ တစ်,ထစ်ချယုံကြည်မိသည်။

ဒါကြောင့် မင်းသားက ပြုံးရယ်၍ သူ့လက်ထဲက မြေပုံကိုတစ်ချက်ကြည့်တယ်။

" တပ်မှူးကင်မ် မနက်ဖြန်ကျရင် ငါကိုယ်တော် ##နေရာကို သွားတိုက်မယ်။ အဲ့ဒီမှာ တစ်ခြားနယ်က လူတွေလည်းရှိတယ်မလား "

" မှန်လှပါ မင်းသား။ နယ်စပ်ဒေသက မလုံခြုံတာမဟုတ်ပေမယ့် တစ်ခြားနိုင်ငံသားတွေကို သတ်မိရင်ပြဿနာတက်နိုင်ပါတယ်။ ပြန်လည်စဉ်းစားတော်မူပါ အရှင့်သား "

" မှန်ကြောင်းပါ။ သေချာလေး သုံးသပ်ပေးပါ မင်းသား "

ဘေးဘီတွင်ရပ်နေသော နောက်ထပ်စစ်ရေးရာထူးကြီးသူ တစ်ဦးက ဆိုပြန်သည်။ ဒီလူတွေ စိုးရိမ်တာက ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်  မင်းသားဆောင်းဟွန်းမှာ အကြံအစည်တွေရှိနေတာမို့ ခပ်ဖွဖွပြုံးတယ်။

𝐷𝑒𝑠𝑡𝑖𝑛𝑦 [𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲] one shotWhere stories live. Discover now