I Still Love You ! [Ep-2]

656 68 0
                                    

                                            Written by Luris Wiffy

~~~~~~~~~~~~~~~~~~~~~~~~~~~~

( c : = chinese ; e : = eng ; k : = korea )

hun တယောက်တရုတ်သို့ စစရောက်ခြင်းအတွေ့အကြုံမို့ စောစောစီးစီးပင်နိုးလာသည်။သူခေါင်းနည်းနည်းကိုက်နေ၍မထချင်သေး။သို့သော် လျှောက်ပတ်ကြည့်ချင်ဇောက များနေသောကြောင့် အားတင်း၍ထထိုင်လိုက်သည်။

hun အိပ်ချင်မူးတူးနှင့် ခုတင်ပေါ်မှထလာကာ ရေချိုးခန်းထဲသို့ ဝင်၍ လန်းဆန်းသွားအောင်စောစောစီးစီးရေချိုးလိုက်သည်။

နံနက်ခင်းဖက်ရှင်အဖြစ် အောက်ကအဖြူရောင်အကျီတစ်ထပ်ခံဝတ်လိုက်ပြီး မိုးပြာရောင်အကျီလက်ရှည်လေးကို တတောင်အထိခေါက်တင်ကာ ကြယ်သီးမတပ်ဘဲ အပေါ်မှထပ်ဝတ်လိုက်ပြီး ဂျင်းဘောင်းဘီအပြာရင့်လေးကို ဝတ်လိုက်သည်။ထို့နောက် ကိုယ်လုံးပေါ်မှန်ရှေ့တွင် သူ့ရဲ့ရွှေညိုရောင်ဆံပင်လေးကို ရှေ့သို့လက်နဲ့ဝဲဝဲလေးဖြစ်အောင် သပ်လိုက်ပြီး သူ့စတိုင် လ် အဆင်ပြေမပြေ သုံးသပ်ကြည့်နေသည်။( မင်းသားနော် ပဲကြီးပဲ ခ် ခ် )သူစိတ်တိုင်းကျသွားမှ မှန်ရှေ့တွင် အပြုံးတစ်ခုဖန်ဆင်းကာ အခန်းထဲမှ ထွက်လာခဲ့သည်။

သူဓာတ်လှေကားစီးကာ မနက်စာစားရန် အောက်ဆုံးထပ်သို့ဆင်းလာသည်။

သူ ခုံတစ်ဝိုင်းတွင် နေရာယူလိုက်ပြီးခဏအကြာတွင် waiter တယောက်သူ့ဆီရောက်လာသည်။

waiter e : ဘာသုံးဆောင်ပါမလဲ။ sir !

hun ခေါင်းနည်းနည်းမူးနေသည်နှင့်

hun e : မမှာသေးဘူး။ ရေတခွက်ပဲအရင်ချပေးထားပါ။နေပါဦး။ကျွန်တော့်နာမည်မသိဘူးလား။

waiter လန့်သွားပြီး ပြာပြာသလဲနဲ့

waiter e : စိတ်မဆိုးပါနဲ့။sir ! ကျွန်တော်ခင်ဗျားနာမည်ကိုမသိပါဘူး။တောင်းပန်ပါတယ်။

hun e : မဟုတ်ပါဘူး။ကျွန်တော်စိတ်ဆိုးလို့ ပြောတာမဟုတ်ပါဘူး။ ခင်ဗျားကျွန်တော့်နာမည်ကိုမသိတာ ကျွန်တော်အရမ်းပျော်တာပဲလို့ပြောမလို့ပါ။

waiter e : ဗျာ။ အော် ဟုတ်ကဲ့။

hun waiter ချပေးတဲ့ ရေကိုသောက်ပြီး ဖန်ခွက်ပြန်ချလိုက်ချိန်မှာ

I Still Love You !Where stories live. Discover now