အဲ့တာက ရုတ်တရက်ဖြစ်သွားတဲ့ ဖြစ်ရပ်ဖြစ်သည်။ရေစက်လေးတစ်စက်ကျသွားချိန်မှာပဲ ငါက ဒီကမ္ဘာမှာ ပြန်လည်မွေးဖွားလာခဲ့တယ်။ အဲ့အချိန်ခဏမှာပဲ ငါ့ရဲ့အာရုံတွေက ကြည်လင်နေပြီး ပထမဆုံးအချိန် မျက်လုံးဖွင့်ကြည့်လိုက်သည်။
" ဒါ ... ဒါက ဘယ်နေရာလဲ ...? "
ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ ရေနွေးနွေးထဲက ကျောက်တုံးပေါ်မှာ လဲလျောင်းနေမိတာကို ငါသေချာပြောနိုင်တယ်။ မဟုတ်ဘူး ရေမဟုတ်ဘူး ... အဲ့တာက စေးကပ်ကပ်နဲ့ ဒါပေမဲ့ ငါလှုပ်လိုက်တာတောင် အဲ့တာက အသံမထွက်ခဲ့ပေ။ ဒါက တော်တော်လေးထူးဆန်းတဲ့အရည်တွေဖြစ်မယ်ဆိုတာ ငါသေချာပြောရဲတယ်။ ဒီအရည်နွေးနွေးတွေဆီကနေ ငါထထိုင်လိုက်တော့ ငါက ဟောင်းနွမ်းပြီး စွန့်ပစ်ခံထားရတဲ့အိမ်ကြီးထဲရောက်နေတာကို သိလိုက်ရသည်။ အခန်းကျဉ်းလေးက တာတာမီဖျာသုံးချပ်သာသာလေးပဲ ကျယ်ကာ အလယ်မှာတော့ ထူးဆန်တဲ့အရည်ကန်ကြီးရှိသည်။ အဲ့တာကလွဲပြီး ကျန်တာအကုန်ဗလာဖြစ်သည်။
ဟမ် ... ? တာတာမီဖျာသုံးချပ် ... ?
ငါက တာတာမီဖျာသုံးချပ်ရဲ့အတိုင်းအတာကိုနားလည်နေပေမဲ့ ဘယ်လိုနားလည်နေတာလဲ မသိပေ။
ရေကန်ရဲ့မျက်နှာပြင်ကို ငုံ့ကြည့်လိုက်တော့ သာမာန်ရုပ်ရည်နဲ့ ကောင်လေးကို မြင်လိုက်ရသည်။ ကောင်လေး ... ? ငါမျက်နှာကိုထိကြည့်လိုက်တော့ ရေကန်ထဲက ကောင်လေးကလည်း လိုက်လုပ်လေသည်။ ဒီဆယ်နှစ်အရွယ် မျက်နှာလေးက ငါနဲ့မလိုက်ဘူးလို့ ခံစားနေရတယ်။
ပြီးတော့ ... ဒီမျက်နှာက ဆယ်နှစ်ဆိုတာ ငါဘယ်လိုသိနေရတာလဲ။
<< ကြည့်ရတာ အရာရာကို ထွေပြားနေပုံရတယ် >>
ရုတ်တရက် အသံတစ်သံက ခေါင်းထဲပေါ်လာလေသည်။
" ဘယ်သူလဲ "
<< ကျွန်တော်က ခင်ဗျားရဲ့ system ပါ ခင်ဗျားကို စောင့်ရှောက်ပေးသွားမှာပါ >>
ခေါင်းထဲက အသံက ငယ်ရွယ်ပြီး ကြည့်ရတာ ကလေးတစ်ယောက်အသံလိုပင်။
<< သေချာဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျားရဲ့မွေးဖွားမှုက မှတ်ဉာဏ်ကို မေ့သွားစေမှာ ဒါပေမဲ့ ခင်ဗျားရဲ့ အတိတ်ဘဝကမှတ်ဉာဏ်တွေက ကျန်နေပုံပဲ >>
![](https://img.wattpad.com/cover/334396696-288-k244342.jpg)
YOU ARE READING
Devil's Origin
FantasyAuthor_ Yayoi 弥生 Associated Name _ 魔王のはじめてのモンスターメーカー Original Publisher _ Syosetu Type _ Webnovel Status in COC _ complete