/Unicode Version/
အခန်း (1) : အလုပ်ထွက်စာ။
ကမ္ဘာကြီးက နှစ်စနစ်တွေ၊ဗီဇတွေ ပြောင်းလဲပြီးနောက်မှာတော့ လူပုံစံနဲ့သားရဲတွေရှင်သန်ရာ ကမ္ဘာတစ်ခု ဖြစ်လို့လာခဲ့တယ်။သားရဲတွေက လူတွေလိုမျိုးပဲ စဉ်းစားခြင့်ချိန်ဉာဏ်ကစလို့ အကုန်ရှိနေကြပြီး ပြောင်းလဲသွားတာဆိုလို့ မျိုးစိတ်အလိုက် ပါရှိလာသည့် နားရွက်နှင့် အမြီးတွေတိုးလာတာတစ်ခုပဲ ပြောင်းလဲလို့ သွားခဲ့တယ်။
မြို့တော် A.
မြို့တော်Aက မိုးအထိမြင့်မားတဲ့ မိုးမျှော်တိုက်တွေနှင့် ကြီးမားသည့် စီးပွားရေးနယ်ပယ် ကွန်ရက်တစ်ခု ဖြစ်လို့နေ၏။အနယ်နယ်အရပ်ရပ်မှ စီးပွားကြောင်းလမ်းတွေက မြို့တော်A၏ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ဆို နှစ်ခါပြန်မစဉ်းစားပဲ ပါဝင်နိုင်လောက်အောင်အထိကို မြို့တော်A၏ စီးပွားရေးစီးဆင်းမှုက သိပ်ကိုမှ ကျယ်ပျံ့လွန်းလှသည်။
သက်လတ်ပိုင်း သားရဲငယ်တွေက မြို့တော်Aကို လာချင်ကြသည်။တက်လမ်းတွေများတာကြောင့် ဘဝတက်လမ်းအတွက် ရှာဖွေချင်ကြ၏။သက်ကြီးတွေကတော့ မြို့တော်Aကို စီးပွားရေး ဈေးကွက်မြစ်ကြောအဖြစ် မြင်ကြသည်။များစွာသော စီးပွားရေးလုပ်ငန်းများ၏ ပင်လယ်ပြင်လိုဖြစ်နေတာကြောင့် သက်ကြီးသက်ငယ်မရွေး မြို့တော်Aမှာ အလုပ်လိုချင်ကြသည်။ခြေတစ်ဖက်ချစရာ နေရာလေးဆိုရင်တောင်မှ ကုတ်တွယ်နေချင်ကြ၏။
သားရဲတွေက မြို့တော်Aမှာ သဲတစ်မှုန်စာနေရာရလျှင်တောင် ကုတ်တွယ်နေဖို့ ဆန္ဒရှိလို့နေကြပြီး မြို့တော်Aရှိ ထိပ်တန်း စီးပွားလုပ်ငန်းစုဖြစ်သော Wangလုပ်ငန်းစုမှာ နေရာမြူတစ်မှုန်စာလောက် ရမည်ဆိုလျှင်တောင် ကုတ်တွယ်နေဖို့ ဆန္ဒ ပြင်းပြစွာရှိကြ၏။
Wangလုပ်ငန်းစုဆိုတာ ဘယ်လိုမျိုးလဲ..။
ဒီမေးခွန်းကို မြို့တော်Aတင်မကဘူး နယ်ပယ်အရပ်ရပ်က ဘယ်သားရဲကမှ မမေးကြဘူး။စီးပွားရေးလောကမှာ ကျင်လည်ချင်ကြ၊ကျင်လည်နေကြတဲ့ လောကသားတိုင်းသိတဲ့ စကားစုက Wangလုပ်ငန်းစုဆိုတာပဲ။
YOU ARE READING
A Bunny Have An Imaginary Pregnant (စိတ်ကူးယဉ် ကိုယ်ဝန်နှင့် ယုန်ကလေး)
FanfictionIf You Wanna Read Comedy And Sweet Fanfiction, Choose This>< Journey From 12/2/2023 To..