For Unicode
" အဟင့်........ အဟင့် "
အခန်းနံရံထောင့်လေးက မိန်းကလေးတစ်ယောက်ရဲ့ငိုရှိုက်သံ..။
ငိုထားလွန်းလို့နီရဲနေတဲ့မျက်ဝန်းတွေနဲ့ ခန္ဓာကိုယ်ကိုမလုံ့တလုံကာကွယ်ထားတဲ့ အဝတ်ခပ်ပါးပါးလေးရယ်... ထိုမိန်းကလေးဟာ တကယ်ပင်သနားစရာ...။
ရောင်ရမ်းဖောင်းကားနေတဲ့ပါးပြင်တစ်ဖက်ကိုမမှုဘဲ ကြေကြေကွဲကွဲကျလာတဲ့မျက်ရည်တွေကို အဝတ်ပါးပါးလေးနဲ့ ခပ်ကြမ်းကြမ်းသုတ်မိသည်။
နာကျင်မှုဟာ တုနှိုင်းပြလို့မရသလို Li ရင်ထဲမှာလဲကြေကွဲစို့နင့်လို့... ။
အမွှေးပွတဘက်ကြီးကိုပတ်ထားတဲ့လူကတော့ ကိုယ်လက်သန့်စင်ပြီး ပြန်လာကာ ဗီရိုအံဆွဲတစ်ခုမှ တစ်စုံတစ်ခုကိုယူကာ Li ဆီကိုလျှောက်လာနေခဲ့သည်။
" ရော့ ဒီမှာ... မင်းအတွက်မုန့်ဖိုး
မင်းအမေအတွက်လည်း ဆေးကုစရိတ်ရပြီပေါ့
မင်းအဖေကိုလည်းပြောလိုက်ပါ
ကျေးဇူးတင်လို့ နောက်မှထပ်ပြုစုမယ်လို့ "မျက်ရည်ပူတွေစီးဆင်းလာပြန်ပါပြီ။
အဖေလို့မခေါ်ထိုက်တဲ့ ထိုလူ့အကြောင်းကိုကြားလိုက်သည်နှင့် Li အခန်းတံခါးဖွင့်ကာ ထိုနေရာမှပြေးထွက်လာခဲ့တော့သည်။တဟားဟားအော်ရယ်နေသည့် အနောက်ကရယ်သံကိုမမှုနိုင်ဘဲ 15 နှစ်အရွယ်ထိုကောင်မလေးဟာ မျက်ရည်ဆက်လက်နဲ့ မသန့်ရှင်းတဲ့ငွေအချို့ကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ရင်းဖြင့်......
ဘယ်အချိန်ပြန်တွေးတွေးထိုနေ့ကအဖြစ်အပျက်ဟာ LiLi အတွက်တော့ နာကျင်နေတုန်းပင်....
အရင်က Li အဖြစ်နဲ့ LiLi ဟာ အခုတော့ အရိုင်းပန်းလေး LiLi အဖြစ်နဲ့ ဘဝကို စို့စို့နင့်နင့်ဖြတ်သန်းနေခဲ့ရပြီ။
" ခလေး....
ဘာတွေစဥ်းစားနေတာတုန်း ခလေးရဲ့
ကိုကြီးလာတာကိုတောင်မသိဘူးလား "အသက်အရွယ်နဲ့မှမလိုက် ချွဲနွဲ့စွာ LiLi ကိုလာတိုးဖက်လိုက်သည်နှင့် LiLi ဟာလည်း အလိုက်တသိ လက်များနှင့် ပြန်လည်ဆုပ်ကိုင်ပေးခဲ့သည်။
ထိုအလုပ်မှာ ရင်းနှီးကျွမ်းဝင်နေသည့် LiLi ဟာ အရာအားလုံးကိုလည်း နားလည်နေခဲ့ပြီ။
YOU ARE READING
ᴛʜᴇ ᴇᴅɢᴇ ᴏғ ʜᴀᴛᴇ (ᴊᴇɴʟɪsᴀ) {sʜᴏʀᴛ sᴛᴏʀʏ}
Fanfictionပြည့်တန်ဆာဘဝက ပင်ပန်းလွန်းတယ် 'မောင်' အကြင်နာတွေမပြချင်နေပါ အမုန်းတွေတော့မပေးပါနဲ့မောင်ရယ်... ရွံတယ်ဆိုတဲ့စကားနဲ့ မုန်းတီးခြင်းဆိုတဲ့မောင့်ရဲ့မျက်ဝန်းတွေက Li အတွက်တော့ ထာဝအိပ်စက်စေနိုင်ပါတယ်မောင်...