[ ZAWGYI + UNICODE ]

2.9K 243 188
                                    

[ YOU BELONG WITH ME ~ ]

" အင်းကိုယ်သိတယ်...ကိုယ်သိတယ်လို့...
ချစ်ကလည်း ဘာလို့များဒီလိုတွေဖြစ်တာလဲ
ဟာ...မင်းတော့လား.... တောက်စ်! "

ဂျောင်ဂုဘေးအိမ်ကအသံကြားတော့ လိုက်ကာကနေအသာလေးဖယ်ရင်း သူလှမ်းချောင်းလိုက်သည်။သူနဲ့ဘေးအိမ်က
မှန်တွေနဲ့သည်သာဆောက်ထားသည်မို့ အတိုင်းသားမြင်နေရလေသည်။

ထပ်ပြီးတော့ပဲသူ့ကောင်လေးနဲ့အဆင်မပြေဖြစ်
နေပြန်ပြီလား။သူစိတ်မကောင်းပါ။သူတစ်ဖက်သက်ချစ်ရတဲ့သူပျော်ရွှင်နေတာကိုမြင်ချင်ပေမဲ့ သူဟာမပျော်ရွှင်နိုင်ပဲအမြဲလိုလိုရန်ဖြစ်နေစမြဲ။
သူကပိုင်ရှင်ရှိသည်။ကျွန်တော်ကတော့ ပိုင်ရှင်ရှိနေတဲ့သူတစ်ယောက်ကိုချစ်နေသည်။
သည်တော့ တစ်ဖက်သက်ချစ်ရတဲ့မိမိက ကိုယ်ချစ်နေတဲ့သူမပျော်ရွှင်တာတွေ့ရင်သိပ်ကို
ဝမ်းနည်းတာပေါ့။

သူတွေးနေတုန်းရှိသေး သူချစ်ရတဲ့သူက စိတ်တိုနေသည်မို့ ပစ္စည်းတွေအားပြစ်ချကာ
သောင်းကျန်းနေသည်။ထိုအချိန်သူက
ချစ်ရသူအတွက်အဖော်အဖြစ်ရှိနေမယ်ဆိုရင်း
စဉ်းစားမိသည်မို့ ယခုမှအသစ်စက်စက်ဝယ်ထား
တဲ့ Ring DrawingBookနဲ့အတူတူဘောပင်ကို
ယူလိုက်သည်။

ပြီးနောက်သူ၏အိမ်နဲ့မျက်နှာချင်းဆိုင်ထိုင်ကာ
သူမြင်လောက်အောင်နေရာယူလိုက်သည်။
ပြီးနောက် သူစတင်စာရေးလေသည်။ထိုသည်နှင့်
ဘေးအိမ်ကကောင်လေးကလည်း သူ့ကိုမြင်တော့
တွေတွေလေးငေးနေပါသေးသည်။

ထိုအချိန်ဘေးအိမ်ရှိရွှေရောင်မျက်ဝန်ဝိုင်းလေးနဲ့
ဆံပင်ရှည်ရှည်ကောက်လေး။ထိုကောင်လေးက
သူ့အား စာရွက်တစ်ခု၌စာရေးကာထောင်ပြ
လာလေသည်။

' Hey ! အဆင်ပြေရဲ့လား! '

ထိုစာလေးကိုမြင်တော့ သူပြုံးလိုက်သည်။
ပြီးနောက် စာကြည့်စားပွဲပေါ်၌အဆင်သင့်ရှိသော
စာရွက်ဖြူတွေနဲ့အတူpenကိုယူကာ ပြန်စာရေး
လိုက်သေးသည်။

' ဒီလိုပါပဲ ကောင်လေး... '

ထိုသည်ကိုမြင်တော့ကောင်လေးက ကျနေတဲ့
ဆံပင်စလေးကိုနားထဲသပ်ကာ နှုတ်ခမ်းတစ်ချွန်ချွန်နဲ့စာရေးနေပြန်သည်။

You Belong With Me ( One Shot ) Where stories live. Discover now