1. Da Ge

125 12 1
                                    

Unicode

"သာ့ကော( အကိုကြီး)!"

............
"ကျွီ!!"

စန်းလျိို့ရန်တောင်ပေါ်ဒေသမြို့ကားဂိတ်ဆီ မြို့မှလာတဲ့ ကားတစ်စီးက ထိုးရပ်လာတော့တယ်။
...............

" သာ့ကော( အကိုကြီး) ယူမယ့်မိန်းမက ချောလား?။တွေ့ကောတွေ့ပြီးပြီးလား။နောက်ဆိုကျွန်တော်တို့က သူ့ကို မရီးလို့ခေါ်ရမှာပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ သာ့ကော မိန်းမယူတော့မယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ခုထိ အိမ်မက်မက်နေသလိုပဲ။ဘာပဲဖြစ်ဖြစ်ဝမ်းသာတယ်ဗျ...ဟဲ...ဟဲ...."

.................

ကားပေါ်မှာ ခြေတစ်ချောင်းဆင်းလာတာနဲ့ခြေချင်းဝတ်သေးသေးလေးဟာစီးထားတဲ့ရှူးဖိနပ်နဲ့ပနံသင့်လှတယ်။ပျောင့်ပျောင်းနေတဲ့ စတိုင်ပန်က တဖြည်းဖြည်းနဲ့တက်လို့တက်လို့ကြည့်လိုက်ရင်ဖြင့် ရှပ်အကျီ်ကိုအထဲဝတ်လို့ ဝတ်စားပုံက သေးသွယ်လွန်းတဲ့ခါးသွယ်သွယ်ကို တမင်လျှစ်ပြနေသလိုပါပဲ။အပေါ်ကကုတ်အကျီ်အထူထူကိုတောင် စိမပိတ်ကာဝတ်ထားပုံကအေးတဲ့လေထုကိုအံတုနေချင်ပုံ။လည်တိုင်ကျော့ကျော့က ပါးနုပြင်က ဝင်းမွတ်နေလို့နေရောင်အောက်မှာ ဝင်းဝါနေသလို မျက်ဝန်းကျယ်ကျယ်တွေ ပနံတင့်စွာ မျက်မှန်ကိုင်းတစ်ခု နာ​ခေါင်းချွန်ချွန်လေးပေါ် တပ်ဆင်ထားသေးရဲ့။

...........

"ဟေ့ကောင် လောင်စန်း မင်းစကားက ဘာစကားလဲ ငါတို့ သာ့ကောမိန်းမရတာ မင်းက ပိုပျော်နေသလို ငါတို့သာ့​ကောကို လူပျိုဘဝနဲ့ ပျော်ပျော်ရွှင်ရွှင်မနေစေချင်တော့တဲ့ပုံပဲ။ခုမှငါတိုသာ့​ကောအသက်က၂၅ပဲရှိသေးတာ။ရုပ်ရည်ပြောစရာမရှိတဲ့အပြင် ငွေကတော့ပြောမနေနဲ့အဲ့တာကိုခုလို ငယ်ငယ်ရွယ်ရွယ်နဲ့မြန်မြန်အိမ်ထောင်ပြုတာကတော့ ငါသဘောမကျဘူးကွ...."

.............

မျက်မှန်ကိုချွတ်လို့ သူတစ်ချက်ရှိုးလိုက်တာ ပတ်ဝန်းကျင်ကို အင်း.....သူလည်း သဘောမကျပါဘူး ဒီပတ်ဝန်းကျင်ကို မြို့​တော်နဲ့ကိုက တော်တော်ကွာလွန်းတယ်
.......

"လောင်သိ မင်းကလဲ ငါကအဲ့သဘောမဟုတ်ပါဘူး။မင်းပဲစဥ်းစားကြည့်လေတို့သာ​ကော​က အမြဲတမ်းတစ်ယောက်တည်းနေနေရတာ ဟိုမိန်းမဆိုအနားမကပ်ခံချင် ဟိုယောကျာ်းချောချောလဲစိတ်မဝင်စားနဲ့ သဘောမကျတာတွေများနေတော့မိန်းမ မရမှာစိုးတာပေါ့ ခုလိုကျတော့ မပူရတော့ဘူးလေကွာ ဟုတ်တယ်မှတ်လား သာ့ကော? သာ့ကော ယူမယ့်မိန်းမကိုကြည့်ချင်လှပြီဗျ....ဟဲ...ဟဲ"

You've reached the end of published parts.

⏰ Last updated: Apr 10 ⏰

Add this story to your Library to get notified about new parts!

ချစ်(love)Where stories live. Discover now