To... (သို့...) One Shot

2.8K 401 68
                                    

Unicode

၁၉၇၀/၈၀/၉၀/၂၀၀၀ ကာလတွေမှာ စာတွေအပြန်အလှန်ရေးခဲ့ကြတဲ့အချိန်ကလေးတွေအကြောင်းပေါ့။

-----------

ရိပေါ်

ငါက မနက်အစောကြီး တမင် ကျောင်းကို စောလာတာ။

မင်းအတွက်နေရာဦးပေးထားတာကို မင်းက အားယွမ်ရဲ့ဘေးမှာသွားထိုင်တယ်။

ဘာဖြစ်လို့ ငါ့အနား လာမထိုင်ရတာလဲ။

ရှောင်းကျန့်

-------------------

ရှောင်းကျန့်

ရင်းရင်းက မင်းအနားမှာရပ်ပြီးစကားပြောနေတော့ အဲ့ဒီနေရာက သူ့အတွက်လို့ ငါက ထင်မိတာပေါ့။

နောက်ရက်တွေကျရင် မင်းအနားမှာ ပြန်လာထိုင်မယ်လေ။

ရိပေါ်

----------------

ရိပေါ်

ငါ နေမကောင်းလို့ အိမ်မှာနေရတယ်။

ညနေကျောင်းဆင်းရင် အိမ်လာမလားဟင်။

ဒီစာယူလာပေးတဲ့ လဲ့လဲ့နဲ့ စာပြန်ထည့်ပေးလိုက်နော်။

ရှောင်းကျန့်

-------------------

ရှောင်းကျန့်

ငါ ညနေလာရင် မုန့်ကြာစေ့ဝယ်ခဲ့မယ်။

မင်းအတွက်စာတွေလည်း ကူးပေးမယ်နော်။

မြန်မြန်နေကောင်းအောင်လုပ်။

ရိပေါ်

---------------

ရိပေါ်

ငါ့စက်ဘီးနောက်ကမလိုက်ဘဲ ဘာလို့ အားယွမ်နောက်ကထိုင်လိုက်ရတာလဲ။

ငါ ဝမ်းနည်းတယ်။

ရှောင်းကျန့်

----------------

ရှောင်းကျန့်

ဆရာမက ကျောင်းသူသစ်လေးကို မင်းအနောက်ကလိုက်ဖို့ပြောနေတာလေ။

မင်းကလည်း ငါ့ကိုမှ မခေါ်တာ။

ငါလည်း ဝမ်းနည်းတယ်။

ရိပေါ်

----------------------

ရိပေါ်

To... (သို့...) One ShotWhere stories live. Discover now