Unicode
၁၉၇၀/၈၀/၉၀/၂၀၀၀ ကာလတွေမှာ စာတွေအပြန်အလှန်ရေးခဲ့ကြတဲ့အချိန်ကလေးတွေအကြောင်းပေါ့။
-----------
ရိပေါ်
ငါက မနက်အစောကြီး တမင် ကျောင်းကို စောလာတာ။
မင်းအတွက်နေရာဦးပေးထားတာကို မင်းက အားယွမ်ရဲ့ဘေးမှာသွားထိုင်တယ်။
ဘာဖြစ်လို့ ငါ့အနား လာမထိုင်ရတာလဲ။
ရှောင်းကျန့်
-------------------
ရှောင်းကျန့်
ရင်းရင်းက မင်းအနားမှာရပ်ပြီးစကားပြောနေတော့ အဲ့ဒီနေရာက သူ့အတွက်လို့ ငါက ထင်မိတာပေါ့။
နောက်ရက်တွေကျရင် မင်းအနားမှာ ပြန်လာထိုင်မယ်လေ။
ရိပေါ်
----------------
ရိပေါ်
ငါ နေမကောင်းလို့ အိမ်မှာနေရတယ်။
ညနေကျောင်းဆင်းရင် အိမ်လာမလားဟင်။
ဒီစာယူလာပေးတဲ့ လဲ့လဲ့နဲ့ စာပြန်ထည့်ပေးလိုက်နော်။
ရှောင်းကျန့်
-------------------
ရှောင်းကျန့်
ငါ ညနေလာရင် မုန့်ကြာစေ့ဝယ်ခဲ့မယ်။
မင်းအတွက်စာတွေလည်း ကူးပေးမယ်နော်။
မြန်မြန်နေကောင်းအောင်လုပ်။
ရိပေါ်
---------------
ရိပေါ်
ငါ့စက်ဘီးနောက်ကမလိုက်ဘဲ ဘာလို့ အားယွမ်နောက်ကထိုင်လိုက်ရတာလဲ။
ငါ ဝမ်းနည်းတယ်။
ရှောင်းကျန့်
----------------
ရှောင်းကျန့်
ဆရာမက ကျောင်းသူသစ်လေးကို မင်းအနောက်ကလိုက်ဖို့ပြောနေတာလေ။
မင်းကလည်း ငါ့ကိုမှ မခေါ်တာ။
ငါလည်း ဝမ်းနည်းတယ်။
ရိပေါ်
----------------------
ရိပေါ်
YOU ARE READING
To... (သို့...) One Shot
FanfictionUnicode ၁၉၇၀/၈၀/၉၀/၂၀၀၀ ကာလတွေမှာ စာတွေအပြန်အလှန်ရေးခဲ့ကြတဲ့အချိန်ကလေးတွေအကြောင်းပေါ့။ Zawgyi ၁၉၇၀/၈၀/၉၀/၂၀၀၀ ကာလတွေမှာ စာတွေအပြန်အလှန်ရေးခဲ့ကြတဲ့အချိန်ကလေးတွေအကြောင်းပေါ့။ Date: 20230214 Fic cover made with Canva.