Ep2

9 2 0
                                    

(Zawgyi)

"မင်းဘာပေါက်ကရတွေမှမပြောနဲ့ ဘယ်သူကမင်းကိုသ၀န်တိုမှာလဲ"

နောက်ဆုံးမနေနိုင်တော့ဘဲ အော်ပစ်လိုက်သည်။

" ငါကမင်းကိုလက်မထပ်ချင်လို့ကွ မင်းနဲ့ငါလက်ထပ်ဖြစ်ရင်ငါမင်းဆီကရောဂါပိုးတွေကူးကုန်မှာစိုးလို့။"

သွင်ဟေသာပြောရင်း သူကိုရွံသလိုလိုအကြည့်မျိုးနဲ့ကြည့်လာတယ်။

"မင်းကလူပေါင်းစုံနဲ့အိပ်ရတာဆိုတော့ ရောဂါလည်းပေါင်းစုံရှိလောက်တယ် ။ ဒါကြောင့် လက်မထပ်ရသေးခင်အမြန်လက်ထပ်ပွဲကိုငြင်းလိုက်။"

သွင်ဟေသာ စိတ်ထင့် မင်းမျိုးပဏ္ဏ၀ါကသူကိုကြည့်မရနေသလို သူနဲ့လည်းလက်ထပ်ချင်းမှာမဟုတ်ဘူးထင်ထားခဲ့တာ။ ဘယ်သူကသူကိုတစ်ဖက်လူကအနှစ်နှစ်အလလချစ်နေခဲ့တယ်ဆိုတာသိမလား။

မင်းမျိုးအဏ္ဏ၀ါရဲ့အပြုံးတွေကလျော့ရဲလာပြီး သူ့ဘေးပတ်ပတ်လည်မှာလေအေးတွေထုတ်လွင်နေတယ်။ ပြီးတော့သူက သွင်ဟေသာကိုစူးစိုက်စွာစိုက်ကြည့်နေသည်။

".........."

တခြားလူတွေကသာသူ့အကြည့်တွေကိုကြောက်သွားမှာဖြစ်ပေမယ့် သွင်ဟေသာကတော့ သူ့ဘာသာသူ မင်းတိုင်းပြည်ရဲ့မင်းသားမကလို့ ဘုရင်ဘဲဖြစ်နေပါစေ မင်းမျိုးအဏ္ဏ၀ါကိုလုံးဝကိုမကြောက် ။ ဒါကြောင့် သူကိုပြန်စိုက်ကြည့်လိုက်သည်။

ပြန်ချော့လာမှာကိုစောင့်နေသော မင်းမျိုးအဏ္ဏ၀ါ"......."

ဟင့်....ငါစိတ်ဆိုးနေတာမသိလို့များလား ။ ထိုအတွေးကြောင့် သူစိတ်ဆိုးနေတာကိုလုံးဝမြင်တာနဲ့သိရှိရအောင် ပါးနှစ်ဖက်ကိုဖောင်းလိုက်ကာနှုတ်ခမ်းကစူလိုက်ကာ သွင်ဟေသာကိုလာချော့တော့လေဆိုတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

သွင်ဟေသာ မျက်လွှာကိုချလိုက်ကာ အန်ချင် စိတ်ကိုမနည်းထိန်းချုပ်နေရတယ်။ လူကိုကြည့်လိုက်ရင်လုံးဝမချဉ်ကပ်ရဲ့တဲ့ပုံစံနဲ့ အကောင်ကကြီးကောင်ကြီးမားဖြင့် သူကိုယ့်သူချစ်စရာကောင်းနေမယ်ထင်လို့ ချစ်စရာကောင်မလေးလိုလုပ်နေတာလား။ oh  ဘုရားရေ ငါမျက်လုံးတွေတော့ကန်းပြီး။

You've reached the end of published parts.

⏰ Last updated: Feb 18, 2023 ⏰

Add this story to your Library to get notified about new parts!

မင်းမျိုးနွယ်ကကောင်ကိုလက်ထပ်ရန် ငြင်းဆိုတယ်။Where stories live. Discover now