A

5.5K 374 18
                                    

"ဂျင်လေး~~ဂျင်ငယ်လေးရေ!!!"

"ဂျင်ရေ~~"

"သခင်လေးရေ~~"

"ဆော့ဂျင်ရေ!!!"

အထိန်းတော်ကြီးရဲ့ သူနမည် ခေါ်သံကိုကြားနေသည်က အတော်ကြာပြီဖြစ်သောလည်း
သူမကြားချင်ဟန်ဆောင်နေမိသည်။

လက်ထဲက ခဲတွေကို ရူတည့်တည့်က ရေကန်ကျယ်ထဲပြစ်ပေါက်ရင်း တွေးမိတွေးရာတွေးနေခဲ့မိသည်။

"ဒီလောက်လှတဲ့ ရေကန်ကြီးကို ဘာလို့
သဘောမကျကြလည်း စဉ်းစားလိုကိုမရဘူး!!
မင်းရောဟုတ်တယ်မလား!!"

သူတယောက်ထဲ စကားပြောနေခြင်းဖြစ်ပေမယ့်
သူဘေးနားတွင် အနက်ရောင်လိပ်ပြာလေးတကောင်ရှိနေတာကြောင့် သူထိုမေးခွန်းထုတ်လိုက်မိတယ်။
ရေကန်ကြီးနားတွင် လိပ်ပြာလေးတွေအများကြီးရှိပေမယ့် တမူထူးစွာ အနက်ရောင်ဖြစ်နေတဲ့
ဒီလိပ်ပြာလေးကိုတော့ သူသေချာမှတ်မိနေခဲ့တယ်။

မြူတွေအုပ်ဆိုင်းပြီး အေးစိမ့်စိမ့်ခံစားချက်ကို
သူမကြိုက်ပေမယ့် ၊ ထိုရေကန်နားတွင်ရသော
အေးချမ်းမူကိုတော့ သူသဘောကျသည်။

ဝသာန်ကာလ‌၌ သာမာန်ထက်ကျယ်ပြောနေတဲ့ ရေပြင်ကျယ်ကြီးကို ကြည့်ရတာသဘောကျသလို ၊
ဟေမာန်ကာလရဲ့
ခဲနေတဲ့ ရေခဲပြင်ကြီးကိုကြည့်ရတာ နှစ်ခြိုက်သည်။

ဒါကြောင့် ညနေတိုင်း!! မဟုတ်ဘူး
အား‌တဲ့အချိန်တိုင်း ထိုရေကန်နားလာထိုင်လေ့ရှိသလို တချို့‌ေန့တွေဆို ရေဆင်းချိုးပြီး ရေကန်ဘေးမှာပဲ
တရေးတမိုးအိပ်လေ့လည်းရှိခဲ့ပြန်တယ်။

"အ့!!"

လက်နှစ်ကို နောက်ပြစ်ကာထောက်ထားရင်းက
လက်ဖဝါးကို ခဲစူးမိသွားလို အတော်နာသွားမိသည်။
ဒီအတွက် အထိနိးတော်ကြီးရဲ့ခေါ်သံဟာ နီးကပ်လာသည်။

ဒါကြောင့် ပြေလျော့နေတဲ့ ဝတ်ရုံကြိုးကို သေချာချည်လိုက်ရသည်။ သူ‌ချည်နေတုန်းမှာပဲ အထိန်းတော်ကြီးနဲ့ ဒေါ်လေးဟာ သူအနားရောက်လိုလာသည်။

"ဟယ် ဆော့ဂျင်ရယ် ဒီမှာရှိနေတာကို အသံမပေးဘူး!!"

"သခင်လေးရယ် ကျမတို့ရှာနေတာ
ဒီနားလေးမှာ ၂၆ခေါက်လောက်ရှိပီ့!!"

Loving With A B u t t e r f l y 🦋☑️ Complete Where stories live. Discover now