N

1.3K 259 23
                                    

"အကို ကိုယ်သင်းရနံ့လေးကိုသဘောကျလိုက်တာ ~~ ပန်းရနံ့နဲ့တူပေမယ့် ဘာပန်းအနံ့မှန်း
သေချာ ပြောမတက်ပြန်ဘူးရယ် !!"

သူစကားကြောင့် သဘောတကျရယ်လာသူဟာ
သူကိုယ်ကို ရင်ခွင်ထဲဆွဲသွင်းလာတော့
ကိုယ်သင်းရနံလေးဟာ နှာခေါင်းထဲ ပိုမိုတိုးဝင်လာတော့တယ်။

အင်မ်းး သဘောကျလိုက်တာ!!

"အကိုကိုယ်သင်းရနံ့ကဘာလို့ မွှေးနေရတာလဲ
မနာလိုလိုက်တာ ~~ ဟွန့်!!"

"ဘာလို့လဲဆိုတော့ ဒီကပန်းလေးနဲ့တူတဲ့မင်းဆီက အချစ်ဆိုတဲ့
ဝတ်ရည်တွေ စုပ်ယူထားမိလိုလေ!!"

" ဘာလဲ!!
ဒါဆို အကိုက ဟို ဝါဝါနဲ့မဲမဲစပ်ထားတဲ့အကော
ဖြစ်သွားမှာပေါ့~~
ဟင်အင်း အာ့အကောင်ကိုမကြိုက်ပါဘူး
အာ့အကောင်က ရုပ်ဆိုးသလောက် ကိုက်လည်းကိုက်တက်တာ ~~  "

"လိပ်ပြာ~~ "

"ဟုတ်တာပေါ့ ၊ လိပ်ပြာ
အကိုက လိပ်ပြာလေး ၊ ကျတော်က ပန်းပွင့်လေး
ဟီးဟီး သဘောကျတယ် ~~
ဒါပေမယ့်~~ "

"ဒါပေမယ့် ?

"ဒါပေမယ့် တခုသဘောမကျဘူး!!
လိပ်ပြာလေးက ဘယ်နေရာမဆို ပျံသန်းသွားလိုရတာမို့ ပန်းလေးကိုထားသွားခဲ့ရင်ဘယ်လိုလုပ်မလဲ!!"

သူရဲ့ကလေးဆန်တဲ့စကားတွေကိုမညိုမညင်
ဖြေပေးလာတဲ့အကိုက သူနဖူးလေးကိုနမ်းလာရင်း ။

"ဒီပန်းလေးနားမှာဘဲ တသက်လုံးရစ်ဝဲနေမှာမို့
ဘာမှစိတ်မပူနဲ့နော် !! ကဲ အိပ်တော့!!"

"ချစ်တယ်အကို !!"

"ကိုယ့်ကမင်းထက်နှစ်ဆ!!"

အိပ်ယာဝင်ခါနီးအနမ်းအနေဖြင့် ရစ်မူးဖွယ်ကောင်းတဲ့အနမ်းတခုကိုဖန်းတီးမှ
မလိုအပ်တော့တဲ့ ခေါင်းအုံးကို တဖက်ပြစ်လိုက်သည်။
  ပြီးမှအကိုလက်မောင်းကိုခေါင်းအုံးကာ
အကိုရင်ခွင်ကျယ်ကျယ်ထဲ ထက်တိုးဝင်မိတော့ အကိုကသူကျောပြင်လေးကိုပွတ်သပ်ပြ‌ီး ချော့သိပ်လာခဲ့သည်။

အကိုနှုတ်ကညည်းသံလိုလိုထွက်ပေါ်လာတဲ့
သံစဉ်လေးနဲ့အတူ အကိုဆီကရတဲ့ကိုယ်သင်းရနံ့လေးက သူကိုအေးချမ်းစွာ အိပ်ပျော်သွားစေခဲ့သည်။

Loving With A B u t t e r f l y 🦋☑️ Complete Tempat cerita menjadi hidup. Temukan sekarang