ဆိုးလ်မြို့ရဲ့ Barတစ်ခုတွင်ဖြစ်သည်
'ဟေ့ကောင် ယုံး ခုနထဲက မင်းဖုန်းက ဆက်တိုက်လာနေတာ ကိုင်လိုက်ဦးဟ'
ဒီည နည်းနည်းသောက်တာများလို့ ရှူးပေါက်ချင်လာတာနဲ့ အိမ်သာသွားပြီး ပြန်လာတဲ့သူ့ကို ဒိုယောင်းက ဖုန်းကမ်းပေးလာသည်ခေါ်တဲ့သူကိုကြည့်လိုက်တော့ 'အဖြစ်မရှိတဲ့ အတွင်းရေးမှူး'...
*ကျစ် ဂျောင်မျိုးနွယ် ပြန်ရောက်ပြီထင်တယ်
'အေး..ပြော ပြန်ရောက်နေပြီလား'
မျက်မှောင်ကြီး ကျုံ့ပြီး မတ်တပ်ရပ်ရင်း ဖုန်းပြောနေတဲ့သူ့ကို သူငယ်ချင်းကောင်တွေကပါ မော့ကြည့်လာလို့
စိတ်ရှုပ်တာနဲ့ အခန်းပြင်ထွက်ပြီး ဆက်ပြောတော့
ထင်တဲ့အတိုင်း... ဒီည flightနဲ့ပြန်လာနေပြီတဲ့အဲ့ဒါကို အားကိုးရတဲ့ အတွင်းရေးမှူးက သူ့သူဌေးအိမ်ပြန်ရောက်လို့ ကိုယ်ရှိမနေတာသိရင် သူပဲ အပြောခံရမှာစိုးလို့ ပြာယာခတ်ပြီး ဖုန်းဆက်မေးခြင်း..တကယ် လိမ်လည်း မလိမ်တတ်ဘဲ ကူပြီးက လိမ်ပေးချင်သေးတာပါဆို
'ဟာကွာ မင်းဟာမင်း ကြည့်ကျပ်ပြောလိုက်လေ..ဒီလောက်လေးတောင် မလုပ်နိုင်ရင်လည်း အလုပ်ထွက်လိုက်တော့'
အလုပ်ထွက်ဆိုမှ ခဏလောက်တိတ်သွားပြီးတော့မှ
အခုကြိုဖို့ရောက်နေပြီမလို့ ထွက်ခဲ့ပါလို့ ငိုသံကြီးနဲ့ ပြန်ပြောလာသည်မတတ်နိုင် အလုပ်နားရက် အပြင်ထွက်ပြီး စိတ်ပြေလက်ပျောက်နေရတာကနည်းနည်း အိမ်ပြန်ရောက်လို့ သူ့ကိုမတွေ့ရင် နားငြီးခံရမှာက နှစ်နာရီစာလောက်မလို့ ပြန်လိုက်တာ ပိုကောင်းမယ်
'ကျစ်..ပြီးရော ဆယ်မိနစ်အတွင်း ထွက်ခဲ့မယ် ဝင်ပေါက်မှာစောင့်နေ' လို့ ပြောလိုက်ပြီး အပေါ်ထပ်ဝတ်လာတဲ့အကျင်္ီယူဖို့ အခန်းထဲပြန်ဝင်လာတော့ ဒိုယောင်းကပဲ
'ဟ ဘာလဲ မင်းကပြန်ပြီလား ?'
'အေး ပြန်မှဖြစ်မှာမလို့.. နောက်တစ်ခါမှပဲကွာ
ဆီးယူ '
ပြောပြီး လှည့်ထွက်လာရင်း အခန်းပေါက်ရောက်မှ ပြောစရာကျန်သေးတာ သတိရလို့...'နောက်တစ်ခါ လူစုရင် ညနေလောက်ထဲက လူစုံအောင်လာကြကွာ..မင်းတို့သိတဲ့အတိုင်း အခုဆို ငါက အိမ်မပိုင်တော့ဘူး ဟေ့ကောင်တွေရ..ငါသွားပြီ '
ဆိုပြီး အမြန်ထွက်လာခဲ့လိုက်သည်
ပြောချင်တာပြောပြီးရင် ပြီးပြီ ကျန်တာ သူတို့ကိစ္စ
YOU ARE READING
TOO GOOD | JaeYong (MM)
Romance'ငါမကြိုက်မှန်းသိရဲ့သားနဲ့ ဘာလို့ ဒီလမ်းကို ရွေးခဲ့တာလဲ' 'အဲ့ဒီလိုမှမလုပ်ရင် ကျွန်တော့်အတွက် အခွင့်အရေးမရှိတော့ဘူးလို့ထင်လို့...' ~~~~~~~~~~~~~~~~~~~~~~~~~~~~ 'မင်းကငါ့အတွက် အရမ်းပြီးပြည့်စုံတဲ့ ဖြစ်တည်မှုလေးတစ်ခုမလို့ပါ..ယုံး' - Way too good | Ja...