အာညော် ကျွန်တော့် နာမည်ကတော့ Watanabe Haruto ပါ ။ အသက်ကတော့ 13 နှစ်ပါ ။ 14 ပြည့်ဖို့ လပိုင်းပဲ လိုပါတော့တယ် ။ Idol ဖြစ်ချင်တယ်ဆိုတဲ့ အိမ်မက် အတွက် Japan မှာ ရှိနေတဲ့ အိမ်ကနေ တစ်ယောက်ထဲ ထွက်လာပြီး Korea နိုင်ငံ Seoul မြို့ YG Building သို့ ထွက်လာခဲ့သည် ။
Japan မှာ Trainee ဆင်းရင်းနဲ့ YGTB အတွက် လာခဲ့ရတာဖြစ်သည် ။ တကယ်တော့ YGTB မှာပါတဲ့ J-Line လေဆိပ်ဆင်းတယ်ဆိုတာ ပြန်ရိုက်ထားရတာပါ ။ YGTB စ မရိုက်ခင် နှစ်ပိုင်းလောက်ကတည်းက Korea မှာ လာ Trainee ဆင်းနေရတာ ဖြစ်ပါသည် ။
YGTB ကို ကြည့်ဖူးတဲ့ လူတိုင်း သိလောက်ပေမဲ့ အရမ်းနာမည် ကြီးတဲ့ Trainee တစ်ယောက်ရှိပါတယ် အမြဲတမ်း Rank 1 to 3 ကနေ မဆင်းတဲ့ လူပေါ့ ။ Japan မှာကတည်းက အဲ့ဒီ Hyung ကို သိနေတဲ့အထိ နာမည်ကြီးပါတယ် ။ Vocal King ကြီးလေ ။
Hyung ရဲ့ K-Pop Star Video လေးတွေ ပြန်ကြည့်မိတော့ အသံက ငယ်ငယ်ကတည်းက အတော်ကို ကောင်းတာ ။ There's Nothing Holding Me Back ကောပေါ့ ။ Original ကို ပြန်ပြင်နိုင်တဲ့ Hyung ရဲ့ skill ကို တကယ် လေးစားပါသည် ။ အခု တော့ Hyung ကို တွေ့ရဖို့ စိတ်လှုပ်ရှားနေပါပြီ ။
Airport ဆင်းလာတာနဲ့ YG Staff တွေက လာခေါ်ပြီး YGE သို့ခေါ်ဆောင်သွားသည် ။ Korean ကို အကျွမ်းကျင်ဆုံး Yoshi ကသာ ဘာသာပြန်ပေးနေသည်။ YGE ကိုရောက်တော့ Staff တွေက J-Line trainee room ကို ပြပြီး မနက်ကျ တခြား YG Trainee တွေနဲ့ မိတ်ဆက်ပေးမည် ဟု ပြောကာ နေရမည့် အဆောင်ကို ပြသည် ။
" ဒါက Boy-Trainee တွေရဲ့ Dorm ပဲ မင်းတို့က ဒီဘက်က အခန်း ၊ အထဲမှာ အခန်းတွေလဲ ဖွဲ့ထားပေးတယ် နှစ်ထပ်ကုတင်တွေလဲ ရှိတယ် အဆင်ပြေသလိုနေကြ 1 လတစ်ခါ အခန်းကို စစ်ဆေးမယ် နောက်ပြီး.. ခနနေရင် ဖုန်းတွေလာသိမ်းမယ် မိသားစု ကို ပြောစရာရှိတာပြောပြီး ဖုန်း အပ်ဖို့ ပြင်ဆင်ထား"
ဖုန်းသိမ်းမယ်ဆိုတာ ကြားလာဖူးပြီးသားမိုလို့ အကုန်လုံးအတွက် အထူးအဆန်းဖြစ်မနေပါ ။ မျက်နှာချင်းဆိုင် အခန်း 2 ခုရှိသည့်အတွက် Keita က အခန်းမှား ဝင်မိမလို ဖြစ်သွားတဲ့အချိန် staff မှ
" အခန်းမှားနေပြီ အဲ့တာ Trainee A ရဲ့အခန်းပဲ ယောင်လို့တောင် မှားမဝင်မိစေနဲ့ သူတို့က Top Trainee တွေပဲ "
YOU ARE READING
Yedam x TREASURE
FanfictionTreasure နဲ့Yedamie ရဲ့ OTP လေးတွေ အားလုံးကို ဖြည်းဖြည်းချင်းတင်ပေးသွားပါမယ် Sukdam Jidam Yoshidam Kyudam Mashidam Jaedam Adam Dodam Harudam ✅ Damwoo ✅ Damhwan