အပိုင်း(၁)

668 68 19
                                    

ညို့မှိုင်းမှိုင်းရာသီဥတု။
မည်းမှောင်နေတဲ့တိမ်စိုင်တွေကလည်း မိုးစက်တွေကိုကမ္ဘာမြေပေါ်သို့ကျဆင်းခွင့်မပြုဘဲ မာန်တင်းထားသည်။ မနက်ခင်းရောင်နီထွက်မလာသေးဘဲ ပတ်၀န်းကျင်မှာလည်းမဲမှောင်နေသည်။ ဆောင်းဦးရာသီဖြစ်သော်လည်း မိုးရွာမည်ထင်။ လူတွေမဆိုထားနှင့် ရာသီဥတုကအစပျက်ပြားနေပုံများ ထိပ်လန့်စရာပါ။ ရင်ခွင်ထဲမှာအိပ်စက်နေသည့် အမျိုးသမီးရဲ့မျက်ခွံလေးကိုနမ်းလိုက်သည်။ အ၀တ်ဗလာနဲ့မိန်းမ ကိုယ့်ရဲ့ရင်ခွင်ထဲရောက်နေသည့်အချိန်လောက် ဘ၀မှာဂုဏ်ယူစရာမရှိ။ ဆူးလ်ဂီရဲ့အောင်မြင်ကျော်ကြားမှုတွေ၊ ဆုတံဆိပ်တွေ၊ ဂုဏ်ထူးဘွဲ့ထူးတွေထက်၍ ပိုမက်မောစရာကောင်းသည်။

"နိုးရင်ထရအောင်လေ ဘယ်"

မျက်နှာလွဲသွားသည့်အမျိုးသမီးက သူမရဲ့စကားကိုဂရုမထားပါ။ ပါးတစ်ဖက်ကိုအနမ်းတစ်ပွင့်ထပ်ခြွေ‌ပြီး စောင်ကိုအပေါ်ထိခြုံပေးခဲ့သည်။ ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်လိုက်ပြီးပြန်ထွက်လာခါမှ မှန်တင်ခုံရှေ့ထိုင်နေသည့် ချစ်ဦးသူကိုတွေ့ရသည်။

မှန်ထဲကနေတစ်ဆင့်မြင်ရတဲ့ "ဘယ်"ရဲ့မျက်၀န်းညိုတွေကသိပ်လှတာပဲ။ အဝါနဲ့အညိုတွေဟာလိုက်ဖက်မှုရှိတာကို "ဘယ်"နဲ့မှယုံတာကွယ်။ ဘ၀မှာ ဒီအမျိုးသမီးကိုပိုင်ဆိုင်ခွင့်ရခဲ့ဝာာ ဘုရားပေးတဲ့ဆုထင်ရဲ့။ "ဘယ်"ရဲ့မျက်၀န်းညိုတွေက ဆူးလ်ဂီရဲ့ကမ္ဘာတစ်ခုပဲလေ။

ရေချိုးခန်းထဲ "ဘယ်"၀င်သွားတော့မှ ဆူးလ်ဂီ၀ရံတာသို့ထွက်လာခဲ့သည်။ ခြံထဲမှာပျိုးထားတဲ့ အဝါရောင်ကျူးလစ်တွေက မျက်စိတစ်ဆုံး။ ကျူးလစ်ဝါတွေကြောင့် "ဘယ်" နဲ့တွေ့ဆုံခဲ့တာကိုတွေးမိတော့ အလိုလိုပြုံးမိပြန်သည်။ သိပ်ကိုလှတဲ့ရေစက်လေးပေါ့။ "ဘယ်"ကတော့ရှက်ပြုံးလေးနဲ့ ဒုက္ခလှလှလေးလို့ပြန်ပြောမှာသေချာပါတယ်။

"အပြင်သွားမလို့လား အချစ်ရဲ့"

"အင်း"

သိသိရက်နဲ့ ဆူးလ်ဂီမေးနေတာ။ အညိုရောင်ဒူးကျဂါ၀န်ကို၀တ်ထားပြီး အဖြူရောင်ပုလဲဆွဲကြိုးကလည်တိုင်ကြော့ကြော့မှာနေရာယူထားတာ မနာလိုလိုက်တာ။

Sadistic GalleryWhere stories live. Discover now