ပျင်းလို့ဟိုရေးဒီရေး ရေးမိတာပါ😂
~~~~~~~~~~~~~~~~~~~~~~~~~~~(တစ်ထောင်ဖိုးနာမည်ဆယ်ခါ)
သင်္ချာဆရာမရဲ့ ၀ဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီး စာသင်ခန်းထဲဝင်လာတော့ မင်းမင်းရဲ့ အပျော်တွေ ချက်ချင်းပျောက်သွားတော့တယ်။သောက်ကျိုးနည်း..ဆရာမ မလာလို့ ပျော်ဖို့ရှိသေး။ ဘယ်နှယ့်ကြောင့် ကျောင်းကိုရောက်လာပါလိမ့်။ သြော်..။ ဆရာမနှယ့်.နေကောင်းပါဘူးဆို မနားဘဲကျောင်းကိုလာတာ အံသြလို့မဆုံးဘူး..။
"မင်္ဂလာပါ၊ကလေးတို့.."
ထုံးစံအတိုင်းအခန်းပေါက်၀ကနေအမြဲနှုတ်ဆက်တတ်တဲ့ ဆရာမရဲ့ အသံသေးသေးလေးထွက်ပေါ်လာတယ်။ ဆရာမက လူကသာ၀နေပင်မဲ့လို့ အသံကတော့ အသံလုံးသေးသေးရယ်..။ ဆရာမ အသံကို စကြားဖူးတုန်းက အသံ၀င်နေတယ်လို့တောင်ထင်မိသေး။ ဘာပဲဖြစ်ဖြစ် အခုတော့ သင်လေချာလေဆိုတဲ့ ဘာသာရပ်ကိုသင်ရတော့မယ်။
"မင်္ဂလာပါဆရာမ.."
"ဆရာမ သိပ်နေလို့မကောင်းဘူး"
"ဒါဆို..ဆရာမနားလိုက်ပါလားဟင်၊ စာသင်ရင်ပိုဆိုးသွားလိမ့်မယ်ဗျ.."
မင်းမင်း ခပ်သွက်သွက်ပြောမိလိုက်တယ်။ နားလိုက်စမ်းပါဆရာမရာ ။ သင်လေချာလေဆိုတဲ့ ဘာသာရပ်ကြီးကို တစ်ရက်လောက်မသင်ရုံနဲ့ဘာမှဖြစ်မသွားပါဘူး။
"နားမှာပါ၊ ဒါပင်မဲ့ စာပေးခဲ့မယ်လေ၊ စာပေးပြီး ဆရာမအိမ်ပြန်မှာ"
ဘုရားရေ။ ဒါဆို နေမကောင်းတာတောင် စာကိုတကူးတကလာပေးတာပေါ့။ အင်း..တခြားသူတွေကတော့ ဆရာမကသိပ်စေသနာကောင်းတာပဲလို့ မြင်မှာပဲ။ အမှန်လည်း ဆရာမက သိပ်စေသနာကောင်းပါတယ်။တပည့်တွေကို သိပ်တော်စေတတ်စေချင်တာ။ ဒါပင်မဲ့ မင်းမင်းတော့ သဘောမကျပါဘူး။ မင်းမင်းပျင်းတယ်။ ပိုဆိုးတာက ဆရာမက အိမ်စာတွေအားကြီးပေးတာပဲ။ အိမ်စာတွေတအားများတဲ့နေ့ဆို အိမ်စာဆိုတဲ့အရာကြီးကိုတီထွင်ခဲ့တဲ့လူကြီးကိုတောင် တအားဆဲပစ်မိတယ်။
"ဟုတ်ကဲ့ပါဆရာမ"
"ကဲကဲစာအုပ်ထုတ်ကြ၊ အိမ်း..ဒါပင်မဲ့လို့ ဆရာမ မရှိဘူးဆိုပြီး ဆော့မယ်ဆူမယ်မကြံကြနဲ့၊ အတန်းခေါင်းဆောင်ကိုနာမည်မှတ်ခိုင်းခဲ့မှာကြားလား၊ ဒီထဲက အတန်းခေါင်းဆောင်ရွေးထားတာဘယ်သူလဲ"
YOU ARE READING
တစ်ထောင်ဖိုးနာမည်ဆယ်ခါ (သရော်စာဝတ္ထုတို)
Short Storyကျောင်းမှာကြုံဖူးသည့်အဖြစ်အပျက်တစ်ခု