လူတွေဟာသူတို့ရဲ့အပြစ်တွေကြောင့် သူတို့ကိုယ်တိုင် မသိုးမသန့်တော့တဲ့အခါ၊
မြေတွင်းကြွက်တွေလောက်တောင်မှမျက်နှာအောင်းစရာနေရာကျဥ်းမရှိရှာတဲ့မျိုးနွယ်အဖြစ်ဇာတ်နိမ့်သွားလေ့ရှိသည်ထင်ရဲ့။
ယခုလည်း ဂျယ်ယွန်းအိမ်ရှေ့မှာ အဲ့ဒီလိုမျိုး မူမမှန်အနေအထားနှင့် ကျွန်တော်ငူငိုင်နေတာ နှစ်နာရီပင်မကတော့။
ထိုင်မရ၊ ထတော့လည်း မဟန်။
ခြေလှမ်းများက ကိုယ့်အပြစ်ကိုယ်သိသည်မို့ အရဲတင့်စွာ ဒီရပ်ဝန်းထံမလှမ်းရဲ။
ထိုသို့ဆိုတိုင်းလည်း ပြန်တော့လည်း မပြန်လို။
ကျွန်တော်ဟာလေ...ရှင်းမ်ဂျယ်ယွန်းကိုသာ တောက်လျှောက်လိုဆူပူနေခဲ့တာ။
ကျွန်တော်သည်လည်း ခေါင်းသိပ်မာ။ ခက်သား။
"အခုမင်းအိမ်ရှေ့ရောက်နေတယ်
ဒါပေမယ့်လည်း...
ဘာလုပ်နိုင်တော့မှာမို့လဲ"အတိတ်တုန်းက လိုလားစွာမဆန့်ဝင်ဖူးခဲ့သော နယ်နမိတ်၏အဝင်၊အထွက်။
ယခုတော့ အိန္ဒြေမဲ့တဲ့တဲ့ ခြေလှမ်းတို့ဟာ ဒီနေရာမှာ ရစ်သီရစ်သီပင် ဂဏှာမငြိမ်တော့ပါ။
နွမ်းလျလျနှလုံးခုန်သံကြား နားစွင့်ရတဲ့အခါ၊ ဘေးဘီဝဲယာမှာ သာသာယာယာရွေ့သီသော ရွက်ကြေတို့ရဲ့ပွတ်တိုက်သံကပင် ကျွန်တော့်ထံထော်လော်ကန့်လန့်ချင်လာသည်။
ဆုတ်ဖြဲခဲ့ပြီးသော အတိတ်နေ့စွဲများထံ ပြန်လည်ရှင်သန်လိုတဲ့ ဥာဏ်နီဥာဏ်နက်တွေသာ လည်နေတော့သော ငတုံးတစ်ကောင်လိုမျိုး။
"ဂျယ်ယွန်းရယ်"
"တစ်သက်လုံး လိုက်ရှာဖို့
စိတ်က မာရေကြောရေတွေးထားပြီးပေမယ့်
ဒီသံသရာတစ်ကွေ့မှာ
မင်းကို ပြန်တွေ့ရပါ့မလားလဲပူမိပြန်တယ်"အရှုံးသမားတစ်ဦးရဲ့လက်တို့ဖြင့်ဒီအိမ်ပြင်ပကလူခေါ်ခေါင်းလောင်းကို ဆက်တိုက်လို ထိုးနှက်၏။
လက်ချောင်းတွေထဲမှာ နာကျင်မှုတွေ ဆို့နင့်လာသည်။ကိုယ့်အမှားကိုခံပြင်းမိသောဒေါသများလည်း နှောလာသည်။
DU LIEST GERADE
Time Lapse ✓
Fanfictionလိမ္မော်ရောင်ကြောင်တစ်ကောင်ရဲ့နောင်တသင်းတဲ့ ဝန်ခံချက်လို့ယူဆလည်းဖြစ်တယ်။