Zaw...
ရေချိုးခန်း တခု၏ ကိုယ်လုံးပေါ်ကြည့်မှန် တချက်ရှေ့တွင် လူတစ်ယောက် ........ ထိုလူ၏ မျက်လုံးတွေဟာ ပုံမှန်မဟုတ်...
ဘယ်ဘက် မျက်လုံးအောက်က ဓားခြစ်ရာ အမာရွတ်တခုဟာ သူ့ဘဝရဲ့ မမေ့နိုင်စရာအဖြစ်ပျက်တခုပင်... ထိုလူဟာ အရှိန်အဝါကြီးမားပီး အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ တယောက်တည်းသောသူ ဒီစံအိမ်ကြီးရဲ့ တန်ခိုးရှင်..... မောင်ရှေးခေတ်မင်း ရဲ့ ယောက်ကျား.....
သူ့နာမည်က....ဉီးမုန်းမာန်ကုတင်ပေါ်က အဆိုးလေးကတော့ အခုထိအိပ်တုန်း...... ညတုန်းက နည်းနည်းသောင်းကျန်းထားတော့.... အိပ်ခန်းဟာ အနည်းငယ်တော့ရှုပ်ပွနေတယ်....
နှစ်ယောက်သား ရန်ုဖြစ်ထားတာကြောင့် အိပ်ခန်းထဲက အိမ်ထောင် ပရိဘောဂ ပစ္စည်းတွေဟာလဲ ဒေါသကြောင့်ပျက်စီးကုန်ပြီ.....
အခုတော့ မနက်6 နာရီရှိပြီမို့ အဆိုးလေးကိုနှိုးရတော့မယ်...." ရှေးခေတ်မင်း ထတော့ "
"...... "
" ရှေး ခေတ် မင်း.... "
" ....... " အိပ်ပျော်နေတဲ့ ကောင်လေးကတော့ အိပ်ပျော်နေတုန်းပင်
" ရှေးခေတ်မင်း ! " ဉီးမုန်းမာန်ရဲ့ အမိန့်ဆန်ဆန် အသံတချက်နဲ့ အတူတူ နိုးထလာတဲ့ ရှေးခေတ်မင်း..
ကောင်လေးရဲ့ နှုတ်ခမ်းထောင့်နားလေးကွဲကာ သွေးခြောက်နေတာ တွေ့မှ ညက ဉီးမုန်းလက်လွန်သွားမှန်း သိသည်....
သို့သော် ဉီးမုန်းသည် ဘယ်သောအခါမှ ရှေးခေတ်မင်းအပေါ် စိုးရိမ်သည့်အရိပ်ယောင်မပြပါ...ဒါဟာ သူ့ရဲ့ပုံစံတခုပင်
" ရေမိုးချိုးပီး အောက်ဆင်းလာခဲ့ မနက်စာစားမယ် " ဉီးမုန်းရဲ့စကားတွေကို နာခံခြင်းလဲမရှိသလို တုန့်ပြန်ခြင်းလဲ မရှိတဲ့ ရှေးခေတ်ကတော့
ဘာတခွန်းမှမပြောဘဲ ရေချိုးခန်းဆီသို့သာ...
ဉီးမုန်းမာန်တို့ အိမ်ထောင်ရေးဟာ ထင်ထားတာထက် ပိုပီးအေးစက်တယ်..... စာချုပ်တခုထက်ပိုတဲ့ ဆက်ဆံရေးမရှိ... ၂ယောက်စလုံးဟာလဲ ခံစားချက်မရှိ အကြောင်းအရင်းတခုကြောင့်သာ လက်ထပ်ခဲ့ခြင်းဖြစ်သည်။
YOU ARE READING
I'm Your Husband
Romanceငါ့အဖေကို သတ်တဲ့ လူသတ်သမားက ငါ့ယောက်ကျားဖြစ်လာတယ် ငါ့အဖကေို သတ်တဲ့ လူသတ်သမားက ငါ့ယောက်ကျားဖြစ်လာတယ်