Zaw...
" ကျွန်တော် ကိုဘာပြောစရာရှိလို့လဲ ဉီးမုန်းမာန် " ရှေးခေတ်မင်းစကားကြောင့် Laptop ပေါ်မှာ ရှိတဲ့ ဉီးမုန်းမာန်လက်တွေ ပြေလျော့ကာ သူ့စားပွဲရှေ့ ကော်ဖီဗန်းကိုင်ထားတဲ့ ရှေးခေတ်မင်းရှိရာဆီသို့....
" omm.... ထိုင်လေ ကိုယ်မင်းကိုပြောစရာရှိတယ် "
"..... "
" ရှေးခေတ်မင်း ကိုယ်က မင်းရဲ့ခင်ပွန်းတစ်ယောက် ကိုယ်လက်ထပ်ယူခဲ့ တဲ့ မင်းကို ငါနဲ့ယှဉ်လို့ရမဲ့သူဖြစ်စေချင်တယ် "" .... "
" ငါလက်ထပ် တဲ့သူကို အိမ်မှာနေပြီချောင်ထိုးမထားတဲ့မဲ့လူမဟုတ်ဘူး မင်းအခုချိန်မှာ ကိုယ့်ကို ဘယ်လောက်ထိ မုန်းတီးနေမလဲ "
"..... "
" ကိုယ်သိပါတယ်..... "
"........"
"မင်း အခုချိန်ကစပီး ကိုယ့်အလုပ်တွေကိုဝင်လုပ်ပါ ရှေးခေတ်မင်း ရှေ့နေ..... "
" ကျွန်တော် ကျောင်းဆက်မတက်ချင်ဘူး ဉီးမုန်းမာန် ကျွန်တော်ရှေ့နေ ဖြစ်ချင်ခဲ့တာမဟုတ်ဘူးး အဖေကြောင့်သာ ...... " ပြောရင်း ငိုင်ကျသွားတဲ့ ရှေးခေတ်သိတာပေါ့ ရှေးခေတ်မင်းကျောင်းဆက်မတက်ချင်မှန်းဉီးမုန်းသိသည်.... ဖခင်ရဲ့လောင်းရိပ်အောက်ကနေ သူဖြစ်ချင်တဲ့ ရည်မှန်းချက်တောင်ပံတွေကိုကိုယ်တိုင်ရိုက်ချိုးရင်း အဖေတက်စေချင်ခဲ့တာ ရှေ့နေ့ မေဂျာကိုသာ ယူခဲ့ချင်းဖြစ်တယ်...
" ကောင်းပီလေ ဒါဆို အခုကမင်းဖြစ်ချင်တဲ့ အိမ်မက်တွေကို မင်းကိုယ်တိုင်အကောင်အထည်ဖော်ပါ "
" ဟင်..... " အံသြမင်သက်တဲ့အကြည့်ဖြင့် ဉီးမုန်းအားပြန်ကြည့်မိသည်.... အရာအားလုံးအဖေ့ထိန်းချုပ်မှု့အောက်မှာ ကြီးပြင်းလာတဲ့ ရှေးခေတ်အတွက်တော့ ဒါဟာ မျှော်လင့်ရောင်ခြည်တစ်ခု "
" နောက်နေ့ကစပီး မင်းကိုယ့်ကုမ္ပဏီမှာ အလုပ်လုပ် ဝန်ထမ်းတွေ လစာအတိုင်းမင်းကို ပေးမယ် ကိုယ့်ရဲ့ ယောက်ကျားဆိုတဲ့ အခွင့်အရေးနဲ့တော့ မင်းဘာအခွင့်ရေးမှ ရမှာမဟုတ်ဘူးနော်..." ကိုယ်ယူထားတဲ့ယောက်ကျားက သူဋ္ဌေးဆိုပြီး ကိုယ်က ဘောကျော့နေလို့ ဘယ်ဖြစ်မလဲ....
YOU ARE READING
I'm Your Husband
Romanceငါ့အဖေကို သတ်တဲ့ လူသတ်သမားက ငါ့ယောက်ကျားဖြစ်လာတယ် ငါ့အဖကေို သတ်တဲ့ လူသတ်သမားက ငါ့ယောက်ကျားဖြစ်လာတယ်