"မိုးရွာပြီးတစ်နာရီလောက်အကြာမှာကောင်းကင်ကတိမ်တွေရှင်းပြီး ကြည်လင်လာတယ်။ သစ်ရွက်လေးတွေက မျက်နှာပြင်ပေါ်ကမိုးပေါက်တွေကြောင့်ရောင်ပြန်ဟပ်ပြီးတောက်ပနေတယ်။ မိုးခိုနေကြတဲ့ငှက်ကလေးတွေကလဲ အမိုးအောက်ကထွက်လာပြီးကောင်းကင်ပေါ်မှာပျံဝဲနေကြတယ်။ ဒီအချိန်ကအလှပဆုံးအချိန်ပဲ။"
ဂျွန်ဂျောင်ကု သစ်သီးခြင်းတစ်ခြင်းကိုသယ်ပြီး ဆိုးလ်ဆေးရုံဆီကိုကားငှါးနေ၏။ သူငယ်ချင်းဖြစ်သူရဲ့အမေကဆေးရုံတက်နေရလို့ လူနာသတင်းမေးဖို့သွားတာဖြစ်သည်။ သုံးနာရီလာမည်ဟုပြောထားသော်လည်း မိုးရွာနေသဖြင့် ဂျွန်ဂျောင်ကုထီးမပါလာသည်နှင့် အနီးရှိကုန်စုံဆိုင်တစ်ခုတွင်ဝင်မိုးခိုနေရလို့နောက်ကျသွားခဲ့သည်။
"ကျေးဇူးပါ"
ကားသမားကိုပိုက်ဆံရှင်းပေးပြီးနောက် ဂျွန်ဂျောင်ကုဆေးရုံအတွင်းသို့ဝင်လာခဲ့၏။ သို့သော် ဒီဆေးရုံကိုသူမရောက်ဖူးသဖြင့် ဘယ်ကနေသူငယ်ချင်းဖြစ်သူထံသို့သွားရမလဲမသိ။
"တူ..တူ.. လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ..ဆက်သွယ်မှုဧရိယာပြင်ပ.."
သူငယ်ချင်းကိုဖုန်းဆက်လို့၍လည်းမရသောကြောင့် ဂျွန်ဂျောင်ကုအနီးအနားမှာ မေးလို့ရနိုင်မည့်သူကိုလိုက်ရှာမိသည်။
"ဟို..အခန်း၃၀၂ကိုဘယ်လိုသွားရမလဲသိလားဗျ"
အနားကသူနှင့်အရပ်မတိမ်းမယိမ်းရှိသော လူနာဝတ်စုံနှင့်ကောင်လေးတစ်ယောက်ကိုဂျွန်ဂျောင်ကုမေးလိုက်၏။
"အာ..ကျွန်တော်လဲအခုသုံးလွှာသွားမလို့။ ကျွန်တော်နဲ့လိုက်ခဲ့လေ"
လုနာကောင်လေးရဲ့စကားကြောင့်ဂျွန်ဂျောင်ကုစိတ်အေးသွားသည်။
"ဟုတ်.. ကျေးဇူးပါနော်"
ထိုကောင်လေးအနောက်ကိုဂျွန်ဂျောင်ကုလိုက်သွား၏။ ၃လွှာဆီသွားသည့်လမ်းတစ်လျှောက် နှစ်ယောက်လုံးစကားမပြောကြဘဲတိတ်ဆိတ်နေကြသဖြင့် ဂျွန်ဂျောင်ကုအနည်းငယ်အနေရခက်သလိုခံစားရသည်။ စကားစဖို့အတွက်မှာလည်း ဂျွန်ဂျောင်ကုထိုကောင်လေးလိုဘယ်လိုစကားစပြောရမလဲမသိ။ ဒါ့အပြင် ဘာကြောင့်ဆေးရုံတက်ရတာလဲမေးဖို့ကလည်းတစ်မျိုးပဲဟု ထင်မိသောကြောင့်ပင်။
YOU ARE READING
မိုးရေစက် မှ မျက်ရည်စက်
Short StoryKookJin authorတွေစုပြီး စာအုပ်ထုတ်ဖို့ project စီစဉ်ခဲ့တုန်းက ကိုယ်ရေးခဲ့တဲ့ စာမူလေးပါ။ project ကမသေချာတော့တာမို့လို့ ဒီဇာတ်လမ်းလေးကိုတင်ပေးလိုက်ပါတယ်။ Enjoy ☂️