2
''လူထိုနေမကောင်းဘူးဆို ''
ပြောနေရင်းနှဖူးလာစမ်းသူကြောင့်ရင်နဲနဲတုန်သွားတာတော့အမှန်။
သူကရုတ်တရက်ကြီးကို...''ကျစ်!!ဖယ်စမ်းပါ ငါနှဖူးပေါ်ကမင်းလက်ကို ''
''လူထိုရော့..ဒီမှာဆေးငါဝယ်လာတာ ခဏနေတစ်ခုခုစားပြီးသောက်လိုက်''
''မလိုဘူး ''
''ယူလိုက်ပါ မင်းမယူရင်ငါကလွှင့်ပစ်ရမှာလား ငါ့ကိုမကြိုက်ရင်တောင်ဆေးတော့ယူထားလိုရ်ပါကွာ မင်းကျန်းမာရေးအတွက်ပဲကို''
''ပေး..ပေး ဒါပဲမလားမင်းကိုယ့်နေရာကိုယ်ပြန်သွားထိုင်တော့ ''
''အင်း.ဆေးသေချာသောက်နော် ''
''ငါသိတယ်..လျှာမရှည်နဲ့ ''
''အင်းပါ..ချစ်တယ်နော် လူထို ဟီးး''
နောက်ဆုံးစကားကြောင့်ရင်ခုန်ရသူကharutoပင်။အမြဲကြားနေကြပေမယ့်ခုထိနေသားမကျသေးဘူး..ကြားရတိုင်းရင်ခုန်တယ်
အဲ့လူကိုမကြိုက်လဲရင်ဘတ်ကအကောင်ကခုန်တာပဲလား..ကျစ်!
စိတ်ရှုပ်စရာတွေပါကွာ။
________________
''ဒီနေ့ကျောင်းလာတော့ကျောင်းအပေါက်ဝမှာလူထိုကကောင်မလေးတစ်ယောက်နဲ့ရယ်မောပြီးစကားပြောနေတာတွေ့တော့ကျတော်သဝန်တိုမိတယ်..လူထိုကိုကျတော်မပိုင်ပေမယ့် သဝန်တော့တိုချင်မိတယ်..ကျတော်နဲ့ကျတခါမှအဲ့လိုမပြုံးဖူးဘူးလေ..။harutoကထိုကောင်မလေးနဲ့စကားပြောပြီးနောက် ကောင်မလေးထွက်သွားပြီဆိုတော့မှjeongwooကharutoဆီပြေးသွားပြီးharutoရှေ့ပိတ်ရပ်လိုက်သည်။''ကျစ်..Park jeongwooငါနောက်တခါလောက်မလိုက်ပဲနေကြည့်ပါလား ဟမ်!''
''ခုနက ကောင်မလေးကဘယ်သူလဲ''
''ဘယ်သူဖြစ်ဖြစ် မင်းနဲ့ဘာဆိုင်လဲ''
''ငါမကြိုက်ဘူး မင်းသူများတွေနဲ့အဲ့လိုပြုံးရယ်နေတာကို ငါသဝန်တိုတယ်''
''သဝန်တိုရအောင်မင်းနဲ့ငါကလာပတ်သတ်နေလို့လဲ ''
''မင်းငါနဲ့ကြအဲ့လိုတခါမှမပြုံးဖူးဘူး သူများတွေနဲ့ကျပြုံးရယ်နေတာပဲ ''
''ဒီမှာ Park jeongwooမင်းဘာလို့ငါ့ကိုအဲ့လောက်လိုက်တွယ်ကပ်နေတာလဲဟမ် ''