အခန်း (၁)

8.6K 19 0
                                    

လူတစ်ယောက်ဟာ သိပ်အားလွန်းနေရင်ပျက်စီးတတ်တယ်ဆိုတာ ဟုတ် မဟုတ်တော့မသိဘူး

ကျနော်တော့ အဲ့အချိန်တွေမှာ ညစ်တီး ညစ်ပတ်စိတ်တွေ သိပ်ဝင်တာပဲ

ကိုယ့်လောက် အားလပ်နေတဲဲ့အချိန် တောင်တွေး မြောက်တွေး စိတ်ဂဏှာမငြိမ်တဲ့သူရှိမယ်မထင်ဘူးရယ် စိတ်ကူးနဲ့ ဟိုမင်းသမီးနဲ့ ဘုကြည့်တယ်
ဒီမင်းသမီးနဲ့ ချိိန်းတွေ့တယ်
အုန်းရည်သောက်ရင်း ကမ်းခြေမှာ အိချောပိုကြီး အဝတ်အစားတွေ တစ်ခုချင်းချွတ်ပြတာ စိတ်ပြေနပြေ အရသာခံကြည့်နေမယ်

ဒီလိုကောင် ...
ခများအတော်ညစ်ပတ်တဲ့လူ ထင်ချင်ထင်ပါ အဲ့ဒါအမှန်ပါပဲ
အမှန်ဆိုလို့ ကြုံတုန်း ငယ်ငယ်က ဖတ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခု ပြောချင်လာတယ် ဘာသာရေးနောက်ခံသမိုင်းတစ်ခု ဆိုပါတော့

မိသားစုသုံးယောက်မှာ သားဖြစ်သူ မြွေကိိုက်ခံရလို့ အဆိပ်သင့်ပီး သတိလစ်နေချိန် မိဘတွေက သစ္စာဆိုတယ်တဲ့

ဖအေက အရင်ကဆိုတယ် ''ကျုနု်ပ်သည် တစ်နယ်တကြေးအလုပ်သွားနေစဉ်မှာ တပါးသော အမျိုးသမီးတစ်ဦးနဲ့ဖောက်ပြန်မိပါသည်
ဤမှန်သော စကားကိုဆိုရတဲ့အတွက် သားဖြစ်သူ သတိပြန်လည်လာပါစေပေါ့''

ယောက်ျားပီးတော့ မိန်းမက တိုင်တည်ပြန်တယ်

''ကျမသည် လင်ယောကျ်ားမရှိခိုက် အိမ်နီးချင်းဖြစ်သူ အမျိုးသားတစ်ဦးနဲ့ မှောက်မှားမိပါ၏ ဤမှန်သောစကားကြောင့်
သားဖြစ်သူ ပြန်ကောင်းလာပါစေသား'' ပေါ့

မုသားကင်းတဲ့နှုတ်တွေက ဘယ်လောက်စွမ်းသလဲဆို လဲနေတဲ့ ဟိုကောင် ငေါက်ခနဲပြန်ထဆိုပဲ

အားလုံး မှတ်သားသင့်ဗျာ လိုအပ်ရင်အဲ့အကွက်ထုတ်သုံးသင့်သုံးရမှာ

သစ္စာဆိုတာ အဖြစ်အပျက်ကြားကောင် မကောင်းနဲ့ မဆိုင်ပဲ မှှန်ဖို့ပဲ လိုတယ်ဆိုတာပြောချင်ပုံရပါတယ် ဟဲဟဲ

ကျနော်လဲအခု အချိန်တစ်ခုမှာ ကျနော် ကြုံခဲ့ဆုံခဲ့ ရတဲ့ မိန်းကလေး တစ်ယောက်နဲ့အကြောင်း ပြောချင်စိတ်လေး ဖြစ်လာလို့ဗျာ

တလောက အခန်းရှင်းရင်း ဟမ်းစက်အဟောင်းလေးထဲ အမှတ်ရစရာတေ ပြန်တွေ့ရတော့ ဘာရယ်မဟုတ် အဲ့ကောင်မလေး သွားသတိရလိုက်မိလို့ပါ
ဒါ့ပုံတွေ မက်ဆေ့တွေ
သူချန်ခဲ့တဲ့ ဂျင်းပန် ဘောင်းဘီလေးတစ်ထည်
ရင်ပြတ်အကျၤ ီတိုနံနံ့လေးတစ်ထည်က လွှင့်ပစ်မယ် လွှင့်ပစ်မယ်နဲ့ ကျနော့် အဝတ်ဘီရိုထဲက အောက်ဆုံးထပ်မှာ ဒီနေ့ထိ နေရာယူထားတုန်း

ကလေး အထာ (နတ်ဆေး)Where stories live. Discover now