အခန်း (၆)

2.1K 10 0
                                    

ကိုယ်ကလဲ အအေးဗူးမော့ရင်း ဟိုကြည့်ဒီကြည့်နဲ့...
သူကလဲ ခေါင်းလေးငုံ့ရင်း သူ့လက်သဲချွန်ချွန်လေးတွေကို တစ်ချောင်းချင်းကြည့်လိုက် လက်သဲတွေကို ပွတ်လိုက်နဲ့ ...

တော်တော်နဲ့ပြန်မော့မလာဘူးရယ်

''ဒါနဲ့ ခလေးနဲ့ ခင်တာကြာပီလား''

ကိုယ်ကပဲ စကားစလိုက်ပါတယ်လေ အိပ်ငိုက်သွားမှဖြင့်

''တစ်နှစ်လောက်တော့ရှိပီ ထင်တယ်''

'' တော်တော်ကြာပီထင်ရတယ်နော်''

''ခင်ပါတယ်သူ နဲ့က ရန်ကုန်မှာလဲ ပေါင်းဖြစ်ကြတယ်လေ ပြောမနာဆိုမနာတွေ''

ကျနော်လဲ လက်ထဲက ကျွဲရိုင်းတစ်ကျိုက်မော့လိုက်ပီးမှ ရယ်ကျဲကျဲနဲ့ ...

''ဟုတ်လား ခုဏကကော ဘာတွေပြောသွားသေးလဲ ''

အကွက်ထဲဝင်လာပီမို့ အင်ထရို ဝင်ကြည့်ရတာပေါ့ဗျာ

စန္ဒီက သူ့စတိုင်အတိုင်း အင်မတန်အသက်ဝင်လွန်းလှတဲ့ အကြည့်နဲ့ ကျနော့်ကို ကြည့်လိုက်ပီးမှ

''ကိုကြီးကခင်ဖို့ကောင်းတယ်တဲ့''

အဲ့ဒါလေးပြောပီးရပ်သွားပြန်တယ်

နောက်တော့မှ သူကျနော့်ကိုပြောလာသေးတယ်
မန်းလေး က ဘာဖြစ်တယ်ဆိုလား
သူတို့ဆီလိုမဟုတ်ဘူးတဲ့

ဒါလဲ ကျနော် ကောင်းကောင်းမမှတ်မိတော့ဘူး
အဲ့ဒါနဲ့စကားကလမ်းကြောင်းပြောင်းပီး
သူတို့ ကျောင်းက အကြောင်းတွေ အပေါင်းအသင်းတွေနဲ့ ဘယ်သွားကြတာ ဘာလုပ်ကြတာ ဆိုပီး
ချော်သွားပြန်ရော တော်တော်တောင်ကြာသွားတယ်ဗျာ

ခလေး အခန်းထဲ ပြန်ရောက်လာတဲ့အထိပဲ

အထဲကကျနော်တို့နှစ်ယောက်ကိုကြည့်ပီး မျက်နာပေါ်မှာ အားမလိုအားမရဖြစ်သွားတဲ့ အရိပ်အယောင်တွေဖြတ်ပြေးသွားတာ ရိပ်မိပေါ့ဗျာ

လှုပ်စိလှုပ်စိနဲ့ ကျနော်တို့ဘေးရောက်လားပီး ခနဲ့တယ်

''စကားပြောလို့ကောင်းကြလား''

ကျနော်က အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်ပေမယ့်

စန္ဒီကတော့ ဘာမှမသိတဲ့ သူငယ်လေးလို အူတိအူလည်ပုံစံလေးနဲ့ လည်ပင်ဆွဲထားတဲ့ ဟိုအတံကြီးကို တစ်ချက်ရှိုက်လိုက်တယ်

ကလေး အထာ (နတ်ဆေး)Where stories live. Discover now