Is sunscreen really essential?

402 42 5
                                    

မင်မင်ကို လာမေးကြတယ်ပေါ့လေ…

Sunscreen သုံးသင့်လားပေါ့???

Skin Care ရှုထောင့်နဲ့ ဆေးပညာရှုထောင့်က ကြည့်ရင် သုံးကိုသုံးသင့်ပါတယ်

ဒါပေမယ့်လို့…မင်မင်ကတော့ အခုလောလောဆယ်မှာ Sunscreen မသုံးသင့်ပါဘူးလို့ အကြံပေးချင်ပါတယ်…

ဘာလို့လည်းဆိုတော့ မနက်ဖြန်တွေဟာ မသေချာလို့ပါ…

Sunscreen လိမ်းတယ်ဆိုတာက အခြား Skin Care တွေနဲ့ မတူပဲ ချက်ချင်းအာနိသင်မပြပါဘူး…

ဒါ့အပြင်ကိုမှ Sunscreen ဟာ မျက်နှာကို Repair လုပ်ပေးတာလည်းမဟုတ်သလို…Change လုပ်ပေးတာလည်းမဟုတ်ပဲနဲ့… လက်ရှိအနေအထားထက် မဆိုးလာအောင်လုပ်ပေးတဲ့သဘောပါပဲ…

ပြီးတော့ ချက်ချင်းအကျိုးကျေးဇူး မခံစားရပဲ အသက်တော်တော်ကြီးမှ ခံစားမယ့် အကျိုးကျေးဇူးနောက်တစ်ခုကတော့ ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်လာမယ့် အရေပြားကင်ဆာကို ကာကွယ်ပေးတာပါပဲ…

ဒါပေမယ့်လည်း ကင်ဆာကာကွယ်ပေးတာကော…မျက်နှာအိုမင်ရင့်ရော်မှု…ပျက်စီးမှုတွေကို ထိန်းသိမ်းပေးတာကောက ကာလအတိုင်းအတာ တစ်ခုထိမြင်တွေ့ရနိုင်မယ့် အရာတွေ မဟုတ်တာကြောင့် Sunscreen လိမ်းတာဟာ လောလောဆယ် ဘာမှထူးခြားမှုမပေးနိုင်တဲ့ သဘောမျိုးသက်ရောက်စေပါတယ်…

ကောင်းကျိုးကျတော့ ချက်ချင်းမရတဲ့အပြင်ကိုမှ…ဆိုးကျိုးဖြစ်တဲ့ အဆီပြန်…ချွေးပေါက်ပိတ်…ဝက်ခြံထွက်တာတွေကျတော့ ချက်ချင်းကြုံတွေ့ရပါတယ်…

မင်မင်အမြင်မှာတော့ Sunscreen ဟာ ရှုထောင့်တချို့က ကြည့်ရင် အကျိုးကျေးဇူးပြုပေမယ့်…စိတ်ပညာပိုင်းဆိုင်ရာရှုထောင့်က ကြည့်ရင်တော့…Skin Care အသုံးပြုမှုကို မကောင်းမြင်စေတဲ့…လွယ်လွယ်လက်လျော့စေတဲ့…စိတ်အခြေအနေတစ်ခု ယူဆောင်လာနိုင်တယ်လို့မြင်ပါတယ်…

အထူးသဖြင့် မီမာနိုင်ငံဟာ အသိပညာနိမ့်ကျတာကြောင့်…လွယ်လွယ်ရတာကို မက်ကျသလို…ခဏဒုက္ခခံပြီ…ရေရှည်သုခခံစားရမယ့် အရာမျိုးတွေကို ကြိုက်လေ့ကြိုက်ထမရှိကြပါဘူး…

Skin Care တစ်ခုကို လိမ်းကြည့်မယ်….လိမ်းကြည့်လို့ ဘာမှမထူးလာဘူး…အဆီပြန်လာတယ်…ဝက်ခြံထွက်လာတယ်ဆိုရင်…တခြား Skin Care တွေကို ဝါးလုံးရှည်နဲ့ပတ်ရမ်းပြီး မကောင်းဘူးမြင်မယ်…ပြီးရင် Skin Care တာရပ်ပြီး…အစကပြန်ဖြစ်…လှချင်တော့ ပြန် Care နဲ့…မုန့်လုံးရယ် စက္ကူကပ်ဖြစ်ကြတာပေါ့လေ…

Sunscreen ရဲ့ သဘောတရားနဲ့ ဆိုးကျိုး…ကောင်းကျိုး ဒွန်တွဲမှုကို ကောင်းကောင်း နားလည်တဲ့သူတွေဟာ Sunscreen ကို သီးခံသုံးကြပါလိမ့်မယ်…သုံးနိုင်ရင်သုံးတာအကောင်းဆုံးပါပဲ…မင်မင်လည်း Sunscreen သုံးပါတယ်…

ဒါပေမယ့်…

၁ - မနက်ဖြန်တွေ မသေချာဘူးခံစားနေရရင်…

၂ - ကိုယ့်အတွက်တော့ မနက်ဖြန်၁ရက်လောက်ပဲ အရေးပါနေရင်…

၃ - စိတ်မရှည်တတ်ရင်…

၄ - လွယ်လွယ်လက်လျော့တတ်ရင်…

၅ - Sunscreen နဲ့ Skin Care အကြောင်း သိပ်နားမလည်ဘူးဆိုရင်…

၆ - အခုမှစပြီး Skin Care မှာဆိုရင်

၇ - ငွေအများကြီး မတတ်နိုင်ဘူးဆိုရင်

Sunscreen မပါဘဲ Skin စ Care တာအကောင်းဆုံးပါပဲ…

အဲ့ဒါမှ Skin Care တာမှာ လက်လျော့ချင်မယ့် အရာလေးတစ်ခုလျော့ပြီး ဆက် Care သွားနိုင်မှာပေါ့လေ…

Skin Care တာအောင်မြင်ပြီး လှလာမယ်…လေ့လာပြီး ဆိုးကျိုး..ကောင်းကျိုးတွေကို…အတိုင်းအတာတစ်ခုထိ နားလည်လာမယ်ဆိုရင်တော့… Sunscreen စသုံးလို့ရပါပြီ…

Sunscreen ဆိုတာဟာ… ချက်ချင်းပြန်မရနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ…

ဒါပေမယ့် လိုအပ်တဲ့အရာတစ်ခုဆိုရင်လည်း မမှားပါဘူး…အထူးသဖြင့် နေအရမ်းပူတဲ့ မင်မင်တို့လို မီမာပီမှာပေါ့လေ…

Sunscreen လိမ်းတဲ့သူတိုင်းဟာ ကြာလေနုလေဖြစ်တဲ့…” ကြာနု” ဖြစ်လာကြမှာပါ…

ဟုန်…ပိပါပိ…ကျေးဇု

~PhyoWaiYan~

~ChantaraCosmeticShop~

#Sunscreen

~ကူးချသူFinနူ~

Skin Care ရင် Sunscreen က မရှိမဖြစ်လား?Where stories live. Discover now