လူသံတွေ၊ ဘင်ခရာသံတွေနဲ့ ဆူညံလှပါသော အားကစားကွင်းထဲမယ် အတာဝာစ်ယောက်ကတော့ စတိတ်စင်၏ အနောက်ဘက် တစ်နေရာလေးမှာ ခပ်ကျုံကျုံ့လေးထိုင်နေမိတယ်။ လက်ထဲမှာပြောရမယ့် စာရွက်တွေတွေကိုကိုင်ထားရင်း ခေါက်တုန့်ခေါက်ပြန်ဖတ်နေမိတော့သည်။ ဒီလိုနေရာတွေ အတာမကြိုက်။ အတာက တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ အေးအေးချမ်းချမ်းနေရတာကိုဘဲကြိုက်တာ။
"ဪ မင်းပိုင်မူ ဒီရောက်နေတာဘဲ"
အသံကြားပါတော့မှ အတွေးနယ်ချဲ့နေသည်ကိုစုစည်းမိပြီး အတာတစ်ယောက်မော့ကြည့်လိုက်မိသည်။ ဪ ဟို အစ်ကိုဘဲ။ ထွဋ်သီဟ။
"ကိုထွဋ်သီဟ ကွင်းထဲမသွားဘူးလား ပွဲထွက်ကန်ရမှာမလား"
ဘောလုံးအင်္ကျီဝတ်ထားသော ကိုထွဋ်သီဟကတော့ လက်ထဲက Royal D လေးတစ်ဘူးကို အတာ့ဆီကမ်းပေးတယ်။ ပြီးတော့ နောက်တစ်ဘူးကို သူကိုယ်တိုင်လည်းဖောက်သောက်လိုက်တော့သည်။ ပြီးတာနဲ့ အတာ့ဘက်ကိုပြန်လှည့်ပြီးတစ်ခါပြုံးပြတယ်။
"ဟုတ်တယ် အထွက်က အစ်ကိုတိုနဲ့ ဟိုဘက်က အထက ကျောင်းနဲ့ကန်ရမှာ အတာက အားပေးမယ်မလား"
"ဟုတ် ဟုတ် အခုတော့ ရင်တုန်နေတာ လူတွေအများကြီးရှေ့မှာပြောရမှာဆိုတော့"
"ဘာမှမဖြစ်ဘူး အတာကဒါတွေကျွမ်းပါတယ်"
ကိုထွဋ်သီဟရဲ့ အပြောကြောင့် အတာတော့ တစ်ချက်ပြုံးပြကာ အအေးသောက်ရင်း ပြောစရာရှိတာသာ ဆက်ကြည့်နေလိုက်တော့သည်။
"မင်းပိုင်မူ သိပြီးပြီလား အစ်ကိုတို့ ဒီနေ့ကန်ရမယ့် ဟိုဘက်ကျောင်းမှာ လင်းပြည့်ကိုပါတယ်တဲ့"
"ဟုတ်လား အစ်ကို လင်းပြည့်ကိုက ဘယ်သူလဲဟင်"
"ဟိုဘက်ကျောင်းရဲ့ ကျောင်းဆော်လေး နေရာတကာပါတာ တို့ကျောင်းဘက်က ကောင်မလေးတစ်ချို့တောင် သူပါတယ်ပြောတော့ ဟိုဘက်ခြမ်းပါကုန်ကြတယ်"
ဪ ဒီလိုလူလား။ ကိုထွဋ်သီဟရဲ့ စကားကြားတော့ အတာတစ်ယောက် ထိုလင်းပြည့်ကို ကိုမြင်တော့မြင်ဖူးချင်သွားမိသည်။ ဘယ်လိုလူမို့လို့ ကိုယ့်ကျောင်းက လူတွေတောင် သူ့ဘက်ကူးရတာလဲ။ အတာတော့ ကွင်းထဲရောက်ခဲ့ရင် ဟိုဘက်အသင်းကို အာရုံစိုက်မိမယ်ထင်တယ်။
*****
"အားလုံးဘဲ မင်္ဂလာပါ။ ဒီကနေ့အချိန်အခါမှာတော့ အထက(..) ၏ကိုယ်စား အဖွင့်အမှာစကားပြောကြားဖို့ရာ တောင်ရှည်နှစ်စ အသာချလို့ အမှတ်တရပွဲကိုစတင်ဖွင့်ကြားသူ ကျွန်တော်မင်းပိုင်မူ စင်ပေါ်မှ ပထမဦးစွား နှုတ်ခွန်းဆက်ရပါတယ်။......."
YOU ARE READING
အကြင်နာ အတာ(ဝတ္ထုရှည်) Unicode+Zawgyi
Romanceဒါလေးကတော့ အကြင်နာ အတာဆိုတဲ့ ဝတ္ထုတိုလေးရဲ့ အရှည် version လေးပေါ့။ ဒီထဲမှာတော့ ဇာတ်ကောင်တွေရဲ့ တွေ့ဆုံပုံတွေ၊ ဇာတ်ကောင်စရိုက်တွေနဲ့ ဇာတ်ကောင်အသစ်တွေပါဝင်သွားမှာပါ။ အရင်ကအတိုင်း သင်္ကြန်theme အပြင် နေ့စဉ်ကြုံတွေ့ရဲ့ လူငယ်နှစ်ယောက်ရဲ့ အချစ်လေးပါ။ စာ...