Description

1.4K 118 17
                                    

Unicode-

အက်စီးဒင့်တစ်ခုဖြစ်အပြီးမှာ ကိုမာဖြစ်သွားတဲ့ဂျောင်ဝန်းသည် နှစ်နှစ်အကြာမှာနိုးလာခဲ့သည်။ ဂျောင်ဝန်းနိုးလာပြီးတဲ့နောက်မှာ သူ့ရဲ့အပြုအမူတွေဟာ အရင်ကထက်ထူးဆန်းလာတော့သည်။ အားလုံးကတော့ ဂျောင်ဝန်းကို အတိတ်မေ့ပြီး ပြောင်းလဲသွားခဲ့တာလို့ထင်ကြပေမဲ့ တကယ်တော့ အဲလိုမဟုတ်မှန်း ဂျောင်ဝန်းသာသိမည်။

ကိုမာကြောင့် အိပ်ရာထဲလဲနေတုန်း ဂျောင်ဝန်းသည် အိမ်မက်ရှည်ကြီးတစ်ခုကိုမက်နေခဲ့သည်။ ထိုအိမ်မက်ထဲတွင် သူသည် လူတွေကိုညှင်းပန်းနှိပ်စက်ရတာကို ကြိုက်တဲ့ဗီလိန်တစ်ယောက်လိုမျိုး ရှင်သန်ခဲ့ရင်းကနေ တစ်ရက်မှာ သူအရင်က အနိုင်ကျင့်ခဲ့တဲ့လူတစ်ယောက်ဆီတွင် သူသည်အကြွေးသိမ်းခံရသလိုမျိုး အဓမ္မအပိုင်သိမ်းခံလိုက်သည်။ နေ့နေ့ညည ထိုလူရဲ့နှိပ်စက်တာတွေကို ခါးစည်းခံရတဲ့သူဟာ လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံထားတဲ့ငှက်တစ်ကောင်လို နေခဲ့ရပြီး နောက်ဆုံးထွက်သက်အထိသွေးထွက်သံယိုများနှင့် အိမ်မက်ထဲကဂျောင်ဝန်းရဲ့အဆုံးသတ်သည် ရှူမလှခဲ့။ ထိုသို့သော သွေးပျက်စရာကောင်းတဲ့အိမ်မက်ကနေ လွတ်မြောက်လာခဲ့ရလို့ ဂျောင်ဝန်းသည် စိတ်သက်သာရာရသွားခဲ့ပေမဲ့ လက်တွေ့မှာလည်း အိမ်မက်ထဲကအဖြစ်အပျက်တွေအတိုင်း တစ်ထပ်တည်းဖြစ်နေတာကို သတိထားမိတဲ့အချိန်မှာ သူရှော့ခ်ရသွားသည်။

ဒီအတိုင်းငြိမ်ငြိမ်လေးနေပြီး သူဘဝကိုကံကြမ္မာလက်ထဲမအပ်ချင်တဲ့ဂျောင်ဝန်းသည် သူ့အနာဂတ်ကိုသူကိုယ်တိုင်ခြယ်လှယ်ပြီး ဖြစ်လာမယ့်ကံဆိုးမှုတွေကိုပြောင်းပြန်လှန်ပစ်ဖို့ကြိုးစားသည်။ ကံကောင်းတာက သူသည် ဖြစ်လာမယ့်အနာဂတ်ကိုကြိုသိနေပြီး၊ အထက်တန်းကျောင်းသားဘဝမှာရှိနေသေးတာဖြစ်သည်။ အရာအားလုံးသည် နောက်မကျသေးတာမို့ အခုတည်းက ပြောင်းလဲရင် အချိန်မှီနိုင်သေးသည်။

အထူးသဖြင့် ဟိုလူ။ အိမ်မက်ထဲမှာ သူ့ကိုအဓမ္မအပိုင်သိမ်းပြီး လက်ထပ်ယူခဲ့တဲ့ ပတ်ခ်ဂျုံဆောင်း။ ဂျုံဆောင်းသည် သူ့ဘဝကံဆိုးမိုးမှောင်ခြင်းရဲ့အစဖြစ်တာကြောင့် ဂျုံဆောင်းရဲ့ သူ့အပေါ်ထားတဲ့အမြင်တွေကိုပြောင်းလဲပစ်ဖို့ ဂျောင်ဝန်းဆုံးဖြတ်လိုက်၏။

𝖻𝗋𝖾𝖺𝗍𝗁𝖾 | 𝗃𝖺𝗒𝗐𝗈𝗇Where stories live. Discover now