ပထမဆုံးတွေ့ဆုံမှု

17 1 0
                                    

ငါပြောပြခဲ့ပြီးပြီ ထင်ပါတယ်၊
လက်ရှိမှာ ရည်းစားရှိတယ်ဆိုတာ
ဒါပေမယ့် ငါ သူ့ကို မချစ်သလို သူလည်းငါ့ကိုမချစ်ပါဘူး။
ဒိတိုင်းစိတ်ထွက်ပေါက်အနေနဲ့ ခံစားချက်တွေဖလှယ်ကြရုံပဲ။
ငါ့ကိုတော့ ပြောပါတယ်၊ ငါ့ကို အရမ်းချစ်တယ်ဆိုပြီးတော့၊အခုလက်ရှိသူမှ မဟုတ်ပါဘူး။
အရင်လူတွေတုန်းကလည်း အဲ့လိုပဲပြောခဲ့ကြပြီး
ဇာတ်လမ်းပြီးသွားခဲ့တာပဲလေ။
ဒါကြောင့်မို့ စိတ်ထဲဘယ်လိုမှမနေပါဘူး။

ပထမဆုံးအနေနဲ့ ကျောင်းအသစ်ကို သွားဖို့အတွက်ပြင်ဆင်ရတာ သိပ်ရှုပ်တာပဲ
အရင်က အစိုးရကျောင်းပုံစံပဲ ငါတက်ခဲ့ပေမယ့်
အခုက ကိုယ်ပိုင်ကျောင်းမှာ တက်ရတော့မယ်။
ငါကြားဖူးသလောက်ဆို သိပ်စည်းကမ်းတင်းကျပ်ကြတယ်ဆိုပဲ။
သိပ်တော့အရေးမကြီးပါဘူး၊ငါ့အနေနဲ့ ဟန်ဆောင်ကောင်းတာပဲ။

ကိုယ်ပိုင်ကျောင်းဆိုပေမယ့် ယူနီဖောင်းကို
ပုံစံအသစ်ချုပ်ဖို့မအပ်ရသေးတဲ့အတွက်
အပြင်၀တ်စုံနဲ့ ခဏတက်လို့ရတယ်ပြောတယ်
အဲ့အတွက်တော့ အဆင်ပြေတာပေါ့။
ငါ ၀တ်နေကြပုံစံမျိုးပဲ ၀တ်သွားလိုက်တယ်
အကျီအပွ၊ဘောင်းဘီရှည်အပွနဲ့ ဦးထုပ်ကိုဆောင်းသွားလိုက်တယ်၊
မကြာသေးခင်က ပုခုံး‌ေကျာ်ထိရှည်တဲ့ ဆံနွယ်တွေကို
ငါကြိုက်တဲ့ ဆံပင်ပုံစံညှပ်ဖို့ ထားခဲ့တယ်၊
အခုတော့ ညှပ်လိုက်ပြီဖြစ်တဲ့အတွက်
ပေါ့ပါးသလိုခံစား‌ေနရတယ်။
အနည်းငယ်ရှည်နေတဲ့ ဆံနွယ်ကိုလည်း ခေါင်းစီးကြိုးလေးနဲ့ စုစည်းလိုက်တယ်။
ငါ့ပုံစံက တကယ့်သာမာန်ပါပဲ။

ငါ့အမေကတော့ မနက်ခြောက်နာရီတည်းက
အကုန်ပြင်ဆင်ပြီးပြီ။
ငါ့အဖေကတော့ အလုပ်သွားပြီ၊သူက အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် အလုပ်သိပ်များလွန်းတယ်။
အမေနဲ့ ငါ မနက်စာ စားပြီး ထွက်လာခဲ့လိုက်တယ်
ကျောင်းက မဝေးပါဘူး။
ငါ တို့လမ်းထိပ်လေးတင်၊
ငါနဲ့ အမေပဲ ကြိုရောက်နေနှင့်တာထင်ပါတယ်
တံခါးတောင် မဖွင့်ကြသေးဘူး။
တကယ်တော့ ငါက ကျောင်းကို တစ်ပတ်နောက်ကျမှ ရောက်လာခဲ့တာ၊
ကျောင်းသားတွေက တက်နေပြီဆိုတာတော့ တကယ်သေချာတယ်။

You've reached the end of published parts.

⏰ Last updated: Feb 28, 2023 ⏰

Add this story to your Library to get notified about new parts!

ငါ့ကောင်လေးကို ငါမချစ်တော့ဘူး(Not Trans)Where stories live. Discover now