「 2020 ခုနှစ် ဖေဖော်ဝါရီလ
စတုတ္ထအပတ် 」ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ကျောင်းသူ ၊ ကျောင်းသားများကြား လူပြောများသည့် topic တစ်ခုရှိနေလေသည် ။
ထိုအကြောင်းအရာမှာ တက္ကသိုလ်တိုင်းလိုလိုတွင် နှစ်စဥ် ကျင်းပလေ့ရှိသော ကျောင်းသင်္ကြန်နှင့်ပတ်သတ်၍ဖြစ်သည် ။
''Covid က တရုတ်မှာ တော်တော်အခြေနေ ဆိုးနေပြီပြောတယ်''
''အေးး ဝူဟန်မြို့ကနေ စတာဆိုပဲ''
''ဟုတ်တယ် အစားအသောက် vlog တွေထဲမှာ စားပြတဲ့ လင်းနို့တွေကြောင့်တဲ့''
''ကြောက်စရာကြီးဟယ် လင်းနို့တွေကို ဘယ်လိုများ စားကြလဲ''
''ဒါနဲ့ အဲ့ Covid က တရုတ်မှာဖြစ်တာလေ ဘာတို့ ငါတို့ ကျောင်းသင်္ကြန်ကိစ္စက ခပ်ကျိတ်ကျိတ်ဖြစ်နေရတာလဲ?''
ထိုစဥ် လက်တစ်ဖက်ဟာ ထိုကောင်မလေး ခေါင်းပေါ်သို့ ဂွပ်ခနဲ
''ပိန်းပါ့ နင့်ဖေ ဖျင်ဖျင့်တို့နိုင်ငံကနေ တခြားနိုင်ငံတွေဆီပါ ကူးနေတာ ငါတို့နိုင်ငံဆီလည်း ရောက်လာမှာဆိုးလို့ပေါ့''
အခေါက်ခံလိုက်ရတဲ့ကောင်မလေးကတော့ စူပုတ်ပုတ်လေးဖြင့် ခေါင်းအားပွတ်ရင်း
''ဒါဆို စာမေးပွဲတွေကရော 1st sem က ဖြေရတော့မှာ ကျောင်းသင်္ကြန်တောင်မလုပ်ရင် စာမေးပွဲတွေလည်း မလုပ်သင့်ဘူး''
ထိုစကားကိုတော့ သူငယ်ချင်းတစ်သိုက်က တစ်ညီ တစ်ညွတ်တည်း ထောက်ခံကြလေသည် ။
ထိုအချိန် တစ်ချိန်လုံးတိတ်နေသော ကောင်လေးမှ ဝင်ပြောလာသည် ။
''မင်းတို့ပါပါး ပါကျော်က ပိတ်ပေးနေပါဦးမယ်''
[ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၏ ပါမောက္ခချုပ်*** အား ဆိုလိုခြင်းဖြစ်သည် ။]
ထိုစကားသံအကြား ချက်ချင်းတုန့်ပြန်လာသည်က ရတီဆိုသည့်ကောင်မလေး..
''ဟဲ့ ထက်စွမ်း နင်ကဘာသိလို့လဲ''
''အဟွန်း အဟွန်း ငါတို့ကောင်ကြီး ထက်စွမ်းပိုင်က ကျောင်းသားသမဂ္ဂကဆိုတာ မမေ့သင့်ဘူးလေ လေဒီတို့''
YOU ARE READING
စွယ်တော်မြေသို့ နွေဦးတမ်းချင်း(OS)စွယ်တော်မြေသို့ နွဦေးတမ်းချင်း