Unicode
When You're Gone Chapter 27
"ဒီခရီးကို ကျွန်တော် မလိုက်နိုင်ဘူး"
ငြင်းဆိုနေတဲ့ ကျွန်တော့်ကို ဦးရန်ဝေက မျက်လုံးတစ်ချက်လှန်ကြည့်တယ်။ သူ့ရဲ့ဖတ်လတ်စ သတင်းစာပေါ်မှာအာရုံမပျက်စေဘဲနဲ့
"ကြောက်လို့လား...."
လို့ ခနဲ့သလိုမေးလာတယ်။
သူနဲ့နိုင်ငံခြားခရီးလိုက်ရမှာကို ကြောက်သလားဆိုတော့ ကျွန်တော် ကြောက်တာပေါ့။ ကျွန်တော်ဒီကိုပြန်မလာနိုင်မှာကြောက်တယ်လေ။ ကျွန်တော့်ရဲ့ခက်ဝေ ရှိနေတဲ့မြေကိုထားပြီးထွက်သွားရမှာ၊ သူနဲ့ပြန်ပြီးတွေ့ခွင့်မရတော့မှာကို ကြောက်တာပေါ့။
"ကျွန်တော် အန်ကယ်လ့်ကို ဘယ်လိုယုံရမလဲ...."
"မယုံတော့ရော ရွေးချယ်စရာရှိနေလို့လား....."
သူက သတင်းစာကိုပစ်ချလိုက်ပြီး မတ်တပ်ရပ်လာတယ်။ ကုတ်အင်္ကျီကြယ်သီးကို တပ်နေရင်းနဲ့ နာရီကြည့်လိုက်တယ်။ သူ့အနားမှာရှိနေတဲ့ အတွင်းရေးမှူးကလည်း သူ့ကိုစကားခပ်တိုးတိုးပြောနေလေရဲ့။
နောက်တော့ သူက ကျွန်တော်ရှိရာဘက်ကိုလျှောက်လာပြီး ပခုံးစွန်းကို သူ့ရဲ့အေးစက်တဲ့လက်ဖဝါးတွေနဲ့ဆုပ်ကိုင်လိုက်တယ်။
"မင်းကို အန္တရာယ်ပေးချင်ရင် ဒီနိုင်ငံမှာလည်းပေးလို့ရတယ်ဆိုတာ မေ့နေပြီလား....တကူးတက အဝေးကိုခေါ်သွားရလောက်အောင် ငါကအားနေတဲ့ပုံပေါက်သလား....ဟမ်...."
"........."
ကျွန်တော် သူ့ကိုမကြည့်ဘဲအောက်ပဲငုံ့နေပြီးမျက်မှောင်ကုတ်ထားမိတယ်။ လက်သီးတွေကိုလည်း ခပ်ကျစ်ကျစ်ဆုပ်ထားမိတယ်။ ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာ မသိဘဲ ဆုံးဖြတ်ရခက်နေတယ်။ အဲဒါကြောင့် ခက်ဝေဆီဖုန်းဆက်ဖို့ကြိုးစားတော့လည်း ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတယ်တဲ့။
ကျွန်တော်ဟာ လေယာဥ်ဆီသွားတဲ့လမ်းကြောင်းကိုလျှောက်နေပေမယ့် ချွေးပြန်နေမိတယ်။
"ကဲ ဘယ်လိုလဲ......"
"ကျွန်တော်လိုက်ခဲ့နိုင်တယ်....ဒါပေမဲ့...."
DU LIEST GERADE
When You're Gone (BL OC)
Romantik"ကျွန်တော်ဘယ်လိုလို့ ဒီရောက်နေတာလဲ...." "ကိုယ်ကမ်းခြေမှာ မနက်ခင်းလမ်းလျှောက်နေတုန်း...မင်းကိုတွေ့လိုက်ရတာလေ။ ရေတွေလဲစိုနေတာကွယ်။ အဲဒါနဲ့ ကိုယ်ဆရာဝန်ဆီခေါ်သွားသေးတယ်။ ဒီနေရာက ဆေးရုံလဲဝေးတော့မင်းအတွက် စိတ်ပူမိသေးတယ်။ ဒါပေမဲ့ မင်းကိုနည်းနည်းစောင့်ကြည့်...