Omma ဒီနေ့အောင်စာရင်းထွက်ပြီသိလား Taoလေ
အမှတ်အများဆုံးနဲ့အဆင့်အမြင့်ဆုံးအောင်တယ် omma
ကောင်းကင်ပေါ်ကနေကြည့်နေလားဟင် Taoအရမ်းပျော်
ပါတယ် ဒါပေမယ့်Taoအပျော်တွေကိုဝိုင်းခံစားပေးမယ့်သူ
မရှိဘူး appa???မဖြစ်နိုင်တာ သိရဲ့သားနဲ့ommaရယ်
အောင်စာရင်းကြည့်ပြီးပြီးချင်းပထမဆုံးဘယ်သူ့ကိုပြောပြ
ရမလဲ ph contactကိုကြည့်လိုက်တယ် Taoဘယ်သူ့ကို
phခေါ်ရမှာလဲ Taoရှာမတွေ့ခဲ့ဘူး Taoရဲ့အောင်မြင်မှုကို
ဝမ်းမြောက်စွာနဲ့ဝမ်းသာပေးမယ့်သူTaoမှာမရှိသလိုပဲ
မိသားစုဆိုတာကလည်းTaoကိုနွေးထွေးမှုပေးနိုင်တာမှ
မဟုတ်တာ အိမ်ပြန်ရောက်ရင်ပြောလာမယ့်စကားသံတွေ
အတွက်Taoကြိုပြင်ဆင်ထားရပါဦးမယ် ဒီစာမေးပွဲတောက်လျှောက်မှာTaoဘယ်လောက်ထိသည်းခံ
ခဲ့ရလဲဆိုတာ Taoပဲသိပါတယ် Ommaထားသွားခဲ့တုန်းက
Taoအသက် ၁၁ နှစ်ပဲရှိသေးတာပါ ချစ်ခြင်းမေတ္တာထက်
ငွေကြေးပိုင်ဆိုင်မှုတွေကိုမက်မောတဲ့ဆွေမျိုးတွေကြားမှာ
ommaထွက်သွားချိန်မှာTaoအရမ်းဝမ်းနည်းခဲ့ရတယ်
ုငယ်သေးတဲ့အရွယ်မို့လို့Taoဘာမှသိပ်မသိပေမယ့်
လူတွေရဲ့အကြည့်ကိုတော့Taoကြောက်ခဲ့ရတယ် ကျောင်းဆင်း
ချိန်သူများတွေကိုသူတို့ommaလာကြိုတိုင်းomma Taoကို
ထိုင်စောင့်နေတဲ့နေရာလေးကိုအရူးလိုကြည့်နေခဲ့တာ
အခြားသူတွေရဲ့ommaတွေကျောင်းမှာအကြောင်းကိစ္စရှိလို့
လာကြတိုင်းTaoမျက်ရည်ကျမိခဲ့တာတွေအများကြီးပါ
အလယ်တန်းကနေအထက်တန်းရောက်တဲ့အထိTao
ရင်ဆိုင်ခဲ့ရတာတွေက ကလေးတစ်ယောက်အတွက်
အရမ်းကိုလွန်လွန်းပါတယ် ommaယုံကြည်ခဲ့တဲ့သူတွေ
ကommaရဲ့အမျိုးတွေမဟုတ်ခဲ့ပါဘူး appaရဲ့အမျိုး
သူ့ရဲ့ယောင်းမတွေပေါ့ ommaနဲ့appaကTaoလူမှန်းမသိတတ်
ချိန်တည်းကလမ်းခွဲခဲ့ကြတာပါ အဲ့ဒါကြောင့်Taoဘဝမှာ
Ommaကပဲအရာအားလုံးဖြစ်ခဲ့တာပါ Taoအတွက်တော့
ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုပါ ommaကပဲTaoအတွက်appaလည်းဖြစ်ခဲ့သလိုအခြား
အရာတွေအားလုံးဖြစ်ခဲ့တာပါ ဒါပေမယ့်ommaကTaoထက်
oppaကိုပိုချစ်တာကိုTaoသိပါတယ် အသိမိတ်ဆွေတွေ
မေးတိုင်းသားနဲ့သမီးဘယ်သူ့ကိုပိုချစ်လဲဆိုOmmaရဲ့အဖြေက
အမြဲတစ်ခုတည်းပါ အဲ့ဒါOppaကိုပါတဲ့ Taoကျေနပ်ပါတယ်
အဖြေကဘာပဲဖြစ်ဖြစ် Taoချစ်နေတာကပဲအရေးကြီးတာ
မဟုတ်လား ဒီလိုနဲ့တစ်နေ့မှာတော့Ommaအပြီးအပိုင်ထွက်
သွားခဲ့ပါတယ် Taoတို့မိသားစုကအရမ်းကြီးချမ်းသာနေတာ
မဟုတ်ပါဘူး နေနိုင်စားနိုင်ပြည့်စုံတဲ့ဘဝပေါ့ Ommaက
အိမ်တစ်လုံးချန်ထားပေးခဲ့တယ် ဒါပေမယ့်Taoကတော့
appaရဲ့ညီမတွေအိမ်မှာလိုက်နေရတယ် Taoအဒေါ်အိမ်ပေါ့
Appaကအလုပ်နဲ့အမြဲရှုပ်နေတော့ခရီးတွေသွားရတော့
အိမ်မှာမရှိပါဘူး Taoအတွက်တစ်လတစ်ခါတော့ပိုက်ဆံပို့
ပေးပါတယ် ommaရဲ့အိမ်လေးကိုတော့ommaရဲ့အကိုတွေ
မိသားစုတက်နေကြတယ် Taoအတွက်ထားခဲ့တာဆိုပေမယ့်
သူတို့ကမျက်နှာပြောင်တိုက်စွာပါပဲ ရှိသမျှပစ္စည်းတွေအားလုံး
ကိုလည်းရောင်းစားကြတယ် တကယ်ကိုစိတ်ကုန်စရာတွေပါ
appaကပိုက်ဆံသွားပေးလိုက်လို့နောက်တော့သူတို့တွေ
အိမ်ပေါ်ကဆင်းသွားကြတယ် မကြာလိုက်ပါဘူး ommaရဲ့
အိမ်လေးကိုရောင်းတော့မယ်တဲ့ Taoရဲ့သဘောထားကို
်တစ်ခွန်းမှမမေးဘဲသူတို့လုပ်ချင်တာတွေလုပ်ခဲ့ကြတယ်
ommaနဲ့နောက်ဆုံးအတူနေခဲ့တဲ့အိမ်လေးမို့လို့Taoမြတ်နိုးပါတယ် ဒါပေမယ့်Taoဘာတစ်ခွန်းမှမပြောခဲ့ပါဘူး
Taoကိုတော့တွေးနေကြမှာပါ သူ့မိဘသေတာတောင်မျက်နှာတစ်ချက်မပျက်ဘူးဆိုပြီး
Taoကကိုယ်ခံစားနေရတာတွေ
ကို အရမ်းမြိုသိပ်တတ်တဲ့သူ ommaဆုံးသွားတာရူးမတက်
ခံစားရပေမယ့် Taoမျက်ရည်မကျအောင်တင်းထားနိုင်ခဲ့တယ်
ဘယ်သားသမီးက ကိုယ့်မိဘသေတာကိုဝမ်းမနည်းရှိမှာလဲ
ommaကိုအသုဘလိုက်ပို့တဲ့နေ့Taoလုံးဝမငိုခဲ့ပါဘူး
ဘာလို့လဲဆိုတော့ OmmaသာTaoကိုကြည့်နေမယ်ဆိုရင်
ဆိုတဲ့စိတ်ကြောင့်ပါ Taoငိုနေတာကိုမြင်ရင်ommaစိတ်ဆင်းရဲ
ရမှာကိုတွေးမိလို့Taoမငိုမိအောင် မျက်ရည်မကျအောင်
နှုတ်ခမ်းကိုကိုက်ထားခဲ့တယ် ပါးစပ်ထဲမှာသွေးအရသာရလာတဲ့
အထိပေါ့ Taoရဲ့ဝမ်းကွဲညီမကတော့ငိုနေခဲ့တယ် အဲ့နေ့မှာ
လူတွေအမြင်မှာသူကအရမ်းချစ်လို့ပေါ့ အရမ်းခံစားနေရလို့ပေါ့
Taoလိုသမီးရင်းကတော့မျက်ရည်တစ်စက်တောင်မကျဘူး
ဆိုတဲ့ ခပ်လှောင်လှောင်အကြည့်တွေကိုTaoခံယူခဲ့ရပါတယ်
သူတို့မသိပါဘူး Taoဘယ်လောက်ခံစားရမလဲဆိုတာ
Taoရဲ့မျက်ရည်တွေကိုTaoရဲ့ခေါင်းအုံးလေးနဲ့မှောင်မဲနေတဲ့
အခန်းကျဉ်းလေးအသိဆုံးပါ အလယ်တန်းမှာTaoတော်တော်
ပင်ပန်းခဲ့ပါတယ် အထက်တန်းမပင်ပန်းတော့ဘူးလားဆိုတော့
ပိုဆိုးခဲ့တာပါ ပတ်ဝန်းကျင်ကလူတွေအမြင်မှာTaoဟာ
အတန်အသင့်ငွေကြေးပြည့်စုံတဲ့အဒေါ်တွေရယ်အဘွားရယ်
နဲ့နေရတယ်ဆိုတာပါ Taoရဲ့အိမ်ထဲကဘဝကိုတော့သူတို့မသိ
နိုင်ပါဘူး ommaရှိတုန်းကခြေမွေးမီးမလောင်
လက်မွေးမီးမလောင်နေခဲ့ရတာပါ Taoဒီအိမ်မှာတော့ အကုန်
လုပ်နေရပါတယ် အဝတ်လျှော၊မီးပူတိုက်၊ထမင်းချက်၊အိမ်ကြမ်းတိုက်၊ရေချိုးခန်းဆေး၊Toiletကိုသန့်ရှင်းရေးလုပ် Taoတစ်ခါမှမလုပ်ခဲ့ဖူးတဲ့အရာ
တွေကိုလုပ်ခဲ့ရတယ် Taoရဲ့oppaကတော့ဒီအိမ်ရဲ့ဒဏ်တွေ
မခံနိုင်လို့နိုင်ငံခြားကသူ့သူငယ်ချင်းဆီထွက်သွားခဲ့တယ်
Taoကမိန်းကလေးဖြစ်တဲ့အ့ပြင်လောကကြီးကိုလည်း
ရင်ဆိုင်ဖို့အင်အားမရှိသေးတာကြောင့်ဒီအိမ်မှာဆက်နေ
နေရတာ
"ဟဲ့ ဘာတွေတွေးနေလို့ ငါခေါ်တာမကြားရတာလဲ ကိုယ့်ရှေ့က
ပန်းစည်းကြီးတစ်စည်းလုံးကိုလည်းမမြင်ဘူး"
"သြော် Sehunna Sorryပါဟာ ငါommaကိုသတိရသွားလို့"
Sehunလည်းငြိမ်သွားခဲ့တယ် သူကTaoအကြောင်းအသိဆုံးနဲ့
နားလည်ဆုံးသူပါ သိအောင်လည်းTaoကိုယ်တိုင်ပဲပြောပြခဲ့တာ
"အမလေးOh Sehunရယ် ချက်ချင်းကြီးပဲငိုတော့မယ့်ရုပ်နဲ့
ဒါငါ့အတွက်လား ပေးလေ"
"အေးပါဟာ ငါကတော့သူ့အတွက်ဝမ်းနည်းပေးနေတာကို
ရော့ ရော့"
"အေးပါ ငါသိပါတယ်ဟာ"
ပြောနေရင်းမှာပဲ ပန်းစည်းအဖြူလေးတစ်စည်းမျက်စိရှေ့ထက်
ရောက်လာခဲ့တယ်
"Congratulation ပါ Taoလေး"
"Gomawoyo Suho oppa"
"၂ယောက်သားဘာတွေဖြစ်နေတာလဲ"
"ဒီလိုပါပဲ oppaရယ် ဒါနဲ့၂ယောက်လုံးCongratနော်"
အံ့သြသွားလား Suho oppaကလည်းTaoတို့နဲ့တစ်တန်းတည်း
ပါပဲ သူကTaoတို့ထက်တစ်နှစ်ကြီးလို့oppaလို့ခေါ်တာ
သူ့ommaကကျောင်းတစ်နှစ်နောက်ကျပြီးထားလို့Taoတို့နဲ့
အတူတူဖြစ်နေတာ oppaလို့ခေါ်တာကလည်းစိတ်ကြည်မှပါ
စိတ်တိုနေရင်Suhoပဲခေါ်တာ oppaအကြောင်းနောက်မှပဲ
သေသေချာချာဆက်ပြောပြမယ် ခုတော့အောင်စာရင်းလာ
ကြည့်တဲ့သူတော်တော်များများရဲ့အကြည့်က Taoတို့၃ယောက်
ဆီမှာရှိနေကြတယ် လူတိုင်းကြည့်တယ်ဆိုလို့Taoကကျောင်း
မှာpopularဖြစ်လားဆိုတော့Noပါ ဘာလို့ကြည့်နေကြတာ
လဲဆိုတာကတော့ Suho oppaနဲ့ Oh Sehunဆိုတဲ့
ကျောင်းရဲ့Popularအဖြစ်ဆုံး၂ယောက်နဲ့အတူတူရှိနေတဲ့
အပြင် သူတို့ကTaoကိုပန်းစည်းတွေပေးထားလို့လေ
Suho oppaကချောလည်းချောသလိုစာကလည်းတော်
ဆရာမတွေရဲ့တပည့်ကျော်လေးလေ တစ်ကျောင်းလုံးရဲ့
အရေးပါအရာရောက်တဲ့သူတစ်ယောက် နောက်တစ်ယောက်
Oh SehunကTaoနဲ့ဒီနှစ်မှသိတာ ဒါပေမယ့် မသိတဲ့လူတိုင်း
ကငယ်ငယ်တည်းကပေါင်းလာတဲ့သူငယ်ချင်းတွေလို့ထင်လောက်
တယ် Oh Sehunဆိုတာကလည်းစာကလည်းတော်သလို
SKBပေါ့ မိန်းကလေးရှုပ်တာကလည်းလက်လန်တယ်
ဒီလို၂ယောက်စလုံးနဲ့သိတဲ့အပြင်အမြဲအတူတူရှိတဲ့Taoကို
သိတော့သိကြပါတယ် တော်တော်များများကလည်းမနာလို
ကြပါဘူး ခုလည်းTaoကအဆင့်အမြင့်ဆုံးနဲ့အောင်တာထက်
ဒီ၂ယောက်ကြောင့်အားလုံးကြည့်နေကြတာ Taoအတွက်
တော့သိပ်မထူးဆန်းတော့ပါဘူး
"ကဲ Tao နင်အိမ်ပြန်မှာမလား"
"အင်း"
"ငါလိုက်ပို့မယ်"
"ကဲ Taoလေး ကောင်းကောင်းပြန်နော် oppaကတော့
Sooလေးဆီသွားလိုက်ဦးမယ်"
"nae"
"Suho oppaကတော့လေ အဲ့ဒီKyung Sooဆိုတဲ့Saeng
လေးကိုတော်တော်ချစ်တာပဲနော် Sehunna"
"အေး ဟုတ်တယ် အဲ့ဒီမျက်ပြူးကိုသူမို့လို့"
"YA!!Oh Sehun သူများသားသမီးကိုအဲ့လိုပြောစရာလား"
"အား အား နာတယ်ဟ နင်နော် ငါ့နားရွက်ကိုမဆွဲနဲ့လို့
ဘယ်နှစ်ခါပြောရမလဲ တကယ်ပါပဲ နာလိုက်တာ"
Taoလည်းဘာမှမပြောတော့ဘဲရီနေလိုက်တယ် ဟုတ်တယ်
Oh Sehunဆိုတာအဲ့လိုကောင်လေးပါ သူ့ကရည်းစားရှုပ်တယ်
ဆိုပေမယ့်လည်းTaoကိုဆိုတော်တော်လေးအနစ်နာခံတာပါ
သူ့ကTaoကိုလည်းချစ်နေတာလေ
YOU ARE READING
My LOVE
Fanfictionအရှုံးပေးတယ်ဆိုတိုင်းအနိုင်ရတာမဟုတ်တာ ခင်ဗျားမသိဘူးမလား.... အရှုံးပေးတယ်ဆိုတာ၂မျိုးရှိတယ် အရှုံးပေးပါတယ်ဆိုပြီးပြောတဲ့အဓိပ္ပာယ်က အရှုံးတွေပေးတယ်လို့ဆိုလိုတာ ရှုံးပါတယ်လို့ပြောမှအနိုင်ရမှာ ခုပေးမယ့်အရှုံးက.............. #TaoRis #KrisTao