သာယာတဲ့မနက်ခင်းလေးမှာနိုးလာခဲ့တယ် နာရီကို့ကြည်တော့
10 နာရီပင်ထိုးနေချေပြီး မေမေတို့နဲ့ဘုရားသွားဖို့ရှိသည်မို ဒီအချိန်ဟာနောက်ကျနေပြီးပင်ဖြစ်သည် ကျမ ထ၍ရေမိုးချိုးကာ ပန်းနု ရောင် ထမိန်နှင့်ရင်ဖုံးဝမ်းဆက်လေး ဝတ်ပြီး ပြင်ဆင်စရာရှိတာအကုန်လုံးပြီးတော့ ပြတင်းပေါက်နားက စာကြည်စားပွဲတွင်ထိုင်၍ အပြင်ကိုငေးကြည်နေမိသည် ဒီနေ့ကျမ မွေးနေ့ပေါ့ January 18 ရက် ကျမရဲ့ အသက် 25 နှစ်ပြည့်မွေးနေ့လေးပေါ့တစ်ယောက်သောသူကို့တော့သတိရမိသား သူမ သာရှိရင် ပြုံးပြီး ကျမရဲ့မွေးနေ့ကို့ ဂုဏ်ပြုပေး လောက်တယ်မလား သူမ မရှိတဲ့မွေးနေ့ကအရင်နှစ်တွေလောက်ပျော်ဖို့မကောင်းပေမယ် အဆင်ပြေပါတယ်လေ အနည်းဆုံးတော့ မိသားစုနဲ့သူငယ်ချင်းတွေကျမအနားရှိသေးတယ်မလား သူမ အကြောင်းတွေးမိတော့ မျက်ရည်တစ်စက်က မဖိတ်ခေါ်ပါဘဲ ကျလာခဲ့တယ်
ကျလာတဲ့မျက်ရည်ကို့သုတ်လိုက်ရင် မွေးနေ့မှာမငိုဖို့ဆုံးဖြတ်မိတယ် ဒီတစ်နေ့တော့ရလောက်မယ်ထင်ပါတယ်လေဒေါက်.........ဒေါက်.........ဒေါက်.........
"သမီးရေ ငယ်လေ မေမေတို့လာပြီးကွယ်"
မေမေတံခါးခေါက်သံကြောင်း ပိုက်ဆံအိတ်ယူ တံခါးထဖွင့်ရင်အတွေးစတို့ ပြတ်သွားခဲ့သည်
အပြင်ရောက်တော့ မေမေတို့ကို့ပြုံးပြမိတယ်"လာပါပြီးမေမေရဲ့ လာ သွားမယ်နော်
မေမေလက်ကို့ဆွဲရင် မမနဲ့ဖေဖေဘက်ကို့လှည်ပြုံးပြရင် ဘုရားကို့ထွက်လာခဲ့သည်"----------------------------------------------------------------------
ဘုရားရောက်တော့ ကိုယ့်ရဲ့နေ့နာမ်မှာသက်စေ ရေသပ္ပါယ်ရင် သူမ အတွက်လဲ တနလာနေနာမ်မှာ ရေသပ္ပါယ်ခဲ့သည် သူမလဲကုသိုလ်ရအောင့်ပေါ့ ကျမတို့နှစ်ယောက်နာမည်နဲ့လဲ အလှုူငွေထဲ့ခဲ့တယ်ငှက်လေးတွေလွတ်၍ ငါးလေးတွေကို့လဲအစားကျွေးသည်သူမသာအနားမှာရှိရင် ကောင်းမည် အတူတူငှက်လွတ်လို့ရသည် အတူတူငါးစား ကျွေးလို့ရသည် အခုတော့လဲ နှစ်ယောက်စာ ပေါ့
ဘုရားကအပြန် မေမေတို့အိမ်လိုက်၍ မေမေနဲ့မမချက်ထားတဲ့ကျမအကြိုက်ထမင်းနဲ့ဟင်းရယ် ဖေဖေကိုယ်တိုင်ဖုတ်ပေးထားတဲ့ ကိန်မုန့်လေးရယ်စားရင် မိသားစု စကားအများကြီးပြောတော့ သူမကို့ခနတော့ မေ့သွားတယ်ထင်ပါရဲ့ မပြန်ခင် အရင်က အခန်းလေးကို့ဝင်ကြည်မိတော့ သူမ ကို့ပိုလွမ်းမိတယ်
YOU ARE READING
She(သူမ)
Fanfictionအချစ်ဦးနဲ့အချစ်ဆုံးက မ ပါလို့ပြောထားရက်နဲ့ထားသွားရက်တယ်နော် မ တကယ်ရက်စက်တယ်