(ထိုခေတ်အခါမှ အသုံးအနှုန်းနှင့် မကိုက်ညီပါက သည်းခံနားလည်ပြီး ဖတ်ရှုပေးပါရန်)
လှည်းဝင်ရိုးသံ သဲ့သဲ့ကြားရသည့်
ပုဂံမြေကို ခြေစချသည့်အခါ
နွေအငွေ့အသက်ကိုရသည် ။လှိမ့်တက်လာသည့် ဖုန်လုံးကြီးကိုမြင်တော့ Kim ၏ ရင်ထဲပင် ဆွေးခနဲဖြစ်သွားရ၏။
လွမ်းစရာ ပုဂံမြေပါ တကား ။
'' ဟေ့လူ.. ဘုရားပြိုလို့ ကျလာတဲ့အုတ်ချပ်တွေကို အရဲစွန့်ပြီးသွားမကောက်နဲ့ဗျ ''
'' ဘာလို့ ''
'' အဲ့အုတ်ချပ်ပုံကို သွားထိမိလို့ အသက်ပါမလိုဖြစ်သွားတဲ့ ကျုပ်တို့ ရွာသားတွေ သုံးယောက်မက ရှိနေပြီ''
'' ဟေ.. ဘယ့်နှယ့်ဖြစ်တာတုံး ''
'' အဲ့တာတော့ဘယ်သိမလည်း..
ပုဂံနယ်မြေနဲ့ ဘုရားတွေများ ခင်ဗျား ပေါ့သေးသေး မှတ်မနေနဲ့ .. သူ့ကျိန်စာ ၊ သူ့အထုံကိုယ်စီနဲ့ဗျ '''' ငါလည်းဘာစကားမှားမိလို့လည်း.. အံ့သြရုံပါပဲဟ ''
'' ပြောပြတာ.. အသိပေးတာ.. လောလောဆယ်တော့ ယဉ်ကျေးမှုရုံးကလူတွေ မလာမချင်း အဲ့အုတ်ချပ်ပုံကို သွားတောင်မထိလေနဲ့ဗျ ''
'' မထိပါဘူး မောင်ရင်ရယ်..
ကျူပ်လည်း ကြောက်တတ်ပါရဲ့ ''ရှင်းပြသံအဆုံး လူအုပ်ကြီးဆီမှ အသံတွေငြိမ်သက်သွားသလို ၊ စူးစမ်းချင်သည့် ခြေလှမ်းတွေလည်း ရပ်တန့်သွားသည် ။
သို့ပေငြားလည်း.. ဘုရားအိုထဲမှ ပုံလျက်ရှိနေသည့် အုတ်ပုံချပ်တွေကတော့ လူတွေ၏ ထင်မြင်ချက်ကို ကြားသည့်အခါ ရယ်သွမ်းသွေးမိလိမ့်မည်မှာအမှန် ။
အဘယ်သို့ဆို သူတို့ကာကွယ်ပေးနေတဲ့ ပေရွက်တစ်လွှာဟာ ဘယ်ကျိန်စာမှ မရစ်နွယ်သည့်အပြင် အကြင်သူတစ်ဦးတည်းကိုသာ မြင်စေရန် သိစေရန် ကြားစေရန်ရည်ရွယ်ခဲ့သည့် မေတ္တာလွှာလေးတစ်ခုသာ ဖြစ်ကြောင်းကို..
ဟိုးခုနှစ်သက္ကရာဇ်များစွာမှ
ပုဂံမင်းတရားကြီး၏ မထင်မရှားမင်းသားငယ်တစ်ပါးမှအပ
အတည်ပြုရန်တခြားနည်း
မရှိခဲ့လေစွ ၊ မရှိလေစွ ။
YOU ARE READING
တံခါးမှူးလေးရဲ့ ဟင်္သာ
Fanfictionပေလွှာရွက်တစ်ခုပေါ်က အချစ်လို့ညွှန်းဆိုရမယ့် ဆက်ထုံးသေးသေးလေးတွေပါပဲ 🌻