မစ္စဟွမ်

68 14 1
                                    

"မင်းလား"

ကျွန်မ ပရော်ဖက်ဆာက အလန့်တကြား ပြောလာသည်။ ကျွန်မ အတန်းဖော် အားလုံးက သူမကို တွေတွေကြီး ငေးကြည့်လာ၏။ ထို့ကြောင့် သူမက ဟန်ကိုယ့်၍ ပုံမှန်အတိုင်း ဖြစ်အောင် ကြိုးစားကာ ပြောလေသည်။

"ငါ ပြောချင်တာက မင်းက ကင်ထယ်ယွန်းလားလို့ပါ၊ ဟုတ်တယ်မလား"

သူမ တွေးဟန်ဖြင့် ပြောသည်။ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါသည်။ ယနေ့ နောက်ကျတာ ကျွန်မ တစ်ယောက်တည်းပဲ ရှိ၍ ဖြစ်မည်။

"ကောင်းပြီလေ ..."

သူမ သက်ပြင်းချလာသည်။

"ငါ ပြောခဲ့တဲ့အတိုင်း မင်း ... မင်း ဒဏ် ... ဒဏ်ပေးခံရမယ် အတန်းပြီးရင် မပြန်နဲ့ဦး"

သူမ စကားထစ်နေ၏။

ငါ သူ့ကို စိတ်လှုပ်ရှားအောင် လုပ်မိတာလား၊ သူ့ပုံက စိတ်အိုက်နေသလိုပဲ။ ချီး ... ပထမဆုံးနေ့မှာ ဒဏ်ပေးခံရတယ်လို့။

သည်တစ်ခါတော့ ကျွန်မ စောဒက မတက်မိပါ။ အဘယ်ကြောင့်ဆိုသော် သူမနှင့် အတူရှိနေရလည်း ကျွန်မ စိတ်မညစ်သောကြောင့်ပင်။

"မင်း အခု ထိုင်လို့ရပြီ၊ ဒီနေ့က ပထမဆုံးနေ့မလို့ မင်း အတန်းနောက်ကျလည်း ငါ့အချိန် တက်ခွင့်ပေးလိုက်မယ်"

သူမ ရှင်းပြလာသည်။

"ကျေးဇူးတင်ပါတယ် miss"

ကျွန်မ ယဉ်ကျေးစွာ ပြောလိုက်သည်။ ယွန်းနာက လက်လှမ်းပြ၍ သူမဘေးမှ ခုံကို လက်ညှိုးထိုးပြသည်။ ကျွန်မ ပြုံးလိုက်မိသည်။ သူမက ကျွန်မအတွက် နေရာဦးထားပေးတာပဲ။ ကျွန်မ သူမဆီ လျှောက်သွားပြီး ဘေး၌ ဝင်ထိုင်လိုက်သည်။

"ချီးထုပ် နင် အမြဲ နောက်ကျနေတာပဲ၊ ဘယ်တော့မှ မပြောင်းလဲဘူး"

ယွန်းနာက ကျွန်မကို တိုးတိုးလေး ကပ်၍ စနောက်လေသည်။ သူမက ကျွန်မကို တွေ့ရ၍ ပျော်နေသလို ကျွန်မလည်း ထိုနည်းတူပင်။

"လူဆိုးမလေး ငါ နင့်ကို သတိရနေတာ"

ကျွန််မ ခပ်တိုးတိုး ပြောလိုက်သောအခါ သူမက တခစ်ခစ် ရယ်နေ၏။

မြတ်နိုးရပါသော မစ္စဟွမ် (Professor T)Where stories live. Discover now