အပိုင်း (၃)

14.7K 855 21
                                    


{Unicode}

... ပိုင်ဆိုင်မှု ဆိုတာမျိုးက...

***

တပေါင်းလဆန်း ၁၄ ရက်နေ့...

... Pagoda ရောက် အမှတ်တရ ...

Min thway posted a post.

Fb newfeedထက် ပေါ်လာသည့် ပုံတစ်ပုံကြောင့် လူက ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်မိတော့သည်။ မနက်ဖြန် အတန်းမပိတ်ဘူး သေချာပြောရက်နဲ့ ခွင့်မတိုင်ဘဲ သွားသည့်သူ။
ထို့ထက် ထိုမှာပင် ကြည်နူးပြုံးပျော်နေသည့် သူတို့ပုံရိပ်များ...။

ထို့နောက် postအောက်မှ commentများကို ဖတ်နေစဥ် လူ၏ သွေးကို ပိုပြီး ဆူပွက်စေသည်။ လက်သီးကို တင်းကြပ်စွာ ဆုပ်ထားမိသည်။

ဒီခံစားမှုက လိုအပ်နေတာမျိုးထက် အဲ့ဒီသူ၏ ဘေးနား ဘယ်သူ့ကိုမှ ရှိနေတာကို မမြင်ချင်တာမျိုး ဖြစ်သည်။ Comment များစွာကို တစ်ကြောင်းချင်းစီ ၀င်ဖတ်မိသည်။

Comment တော်တော်များများက မင်းသွေးထက် မင်းသွေးဘေးနားက အိနြ္ဒေကူးငယ်ဆီသို့သာ လူးလွန့်နေသည်။ ထိုmentများစွာထဲမှ တစ်စုံတစ်ယောက်၏ မန့်ကို တကူးတက Replyပြန်ထားသည့် အနေအထားကို မြင်လေတော့ လက်ထဲက ဖုန်းကို အ​ေ၀းသို့ လွှင်စင်စေပြီး လက်တစ်ဖက်က အိပ်ရာကုတင်ဘောင်သို့....။

ဒုန်း ! ဒုန်း !

မိမိ၏ ထိုးနှက်ချက်များကြောင့် အိမ်ထဲက အမေတို့အပြင် အလုပ်သမားပါ မိမိရှိရာသို့ ကြည့်လာပေမယ့် ခဏတာမျှ ဖြစ်သည်။ နံဘေး ဘောင်တန်းပေါ် တင်ထားသည့် အင်္ကျီကို ဆွဲယူ၀တ်လိုက်ပြီး တစ်နေရာသို့သာ သွားဖို့ ပြင်လိုက်မိသည်။

ခါနွေ ထွက်သွားပြီးသည့် နောက်မှာတော့ ... အိမ်အောက်မှာ ရှိနေသည့် ဒေါ်မြအေး ဘေးနားမှ ကောင်မလေး တစ်သိုက်က...

"အရီးလေး... တစ်ခုလောက် မေးစရာရှိလို့..."

နှင်း​ေ၀၏ စကားတစ်ခွန်းနောက်မှာတော့ ဒေါ်မြအေးက ဇကောထဲမှ မျိုးစေ့တစ်ချို့ကို ရွေးဖယ်ထုတ်ပြီး....

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Место, где живут истории. Откройте их для себя