1

294 12 0
                                    


Uni

"အ့ံမိုးမြင့်!"

သူ့နာမည်ခေါ်သံကြောင့်အိမ်ဝင်ပေါက်မှ အသံ
ကြားရာဧည့်ခန်းဆီလျှောက်သွားလိုက်သည် ။
အသံပိုင်ရှင်ကဆိုဖာပေါ်ထိုင်ပြီး သူ့ကိုတစိုက်မတ်မတ်ကြည့်တဲ့အခါ သူလည်းပြန်ကြည့်ပေးလိုက်သည် ။ ထိုအသံပိုင်ရှင်ဘေးတွင်တော့သူ့ထက်သုံးနှစ်သာကြီးသည့် သူ့မေမေလေးဆိုသူ ။ မျက်နှာချင်းဆိုင်တွင်တော့သူ့ရဲ့
အမြင်ကပ်စရာအဒေါ်နှစ်ယောက် ။

တကယ်ကျက်သရေမရှိ!

"အဲ့တာဘယ်ကပြန်လာတာလဲ မင်းအကိုဒီနေ့
ပြန်လာမှာမင်းမသိဘူးလား"

"သူပြန်လာတာဘာလုပ်ပေးရမှာလဲ"

"အကုန်လုံးကြိုကြမှာလေ ပြီးတော့ညပါတီလည်းရှိတာကို"

"ပြောစရာကုန်ပြီမလား"

လက်ထဲကအထုတ်တွေဆွဲလို့အခန်းထဲသာ
ဝင်လိုက်သည် ။ သူကဦးအံ့မင်းခေါင်ရဲ့ဒုတိယဇနီးကရလာတဲ့ သား ၊ ထိုအဖိုးကြီးမှာ
မိန်းမကသုံးယောက်ရှိသည် ။ပထမကသူ့အကိုဆိုသူရဲ့အမေ ၊ဒုတိယကအံ့မိုးမြင့်ရဲ့အမေ ၊
တတိယကတော့ဧည့်ခန်းတွင်တွေ့ခဲ့သည့် မိန်းမဖြစ်သည် ။ အခုလည်းသူ့ရဲ့ချစ်လှစွာသောအကိုနိုင်ငံခြားကပြန်လာသည့်အရေးကို တစ်အိမ်လုံးအောင်ပွဲခံနေကြသေးသည်။ သူကတော့တစ်အိမ်လုံးကိုသာစိတ်ပျက်မိသည်။

အများရှေ့မှာသူ့ရဲ့ဖြစ်တည်မှုကိုလက်ခံပါတယ်ဆိုတဲ့အိမ်ကလူတွေက အိမ်မှာတော့သူ့အားရွံရှာစွာဆက်ဆံကြသည်မှာ ဘယ်သူမှသိမည်မဟုတ် ။သူ့ရဲ့ချစ်လှစွာသောအကိုကရော၊ ညီလေးကိုအချစ်ဆုံးပါပြောပြီး သူအခက်အခဲတွေနဲ့ရင်ဆိုင်ရချိန်မှာတောင် ပြန်မလာခဲ့တဲ့သူက အခုပြန်လာသည် ။ပြန်လာတော့လည်း သူ့အတွက်လက်ဆောင်တော့ယူလာရှာသည် ။ သူ့ထက်ဆယ်နှစ်ကြီးတဲ့အဖိုးကြီးနှင့်သူ့ရဲ့လက်ထပ်ပွဲတဲ့ ။

သူကဂေးဆိုတိုင်းပိုက်ဆံရှိတဲ့အဖိုးကြီးနဲ့ပေး
စားလိုက်ကြခြင်း ။အဲ့အဖိုးကြီးကသူ့အကိုကို
သေမလိုရှင်မလိုလိုက်ခဲ့တာသူကမသိဘူးတဲ့လား ။အကို့လိုယောကျာ်းစစ်စစ်ကငြင်းလို့
နောက်ဆုံးညီဖြစ်သူဆီရောက်လာသောသူ။

HOMEWhere stories live. Discover now