2-U

111 11 0
                                    

"ကိုကို အခုလက်ကိုလွှတ်နော်!"

မြင့် ပါတီမှာတွေ့တဲ့ပြည့်စုံမိုးလွင်ဆိုတဲ့လူကြီးနဲ့စကားပြောနေတုန်းကိုကိုကရောက်လာပြီး လက်ကိုအတင်းဆွဲကာအိမ်ထဲကိုခေါ်လာသည်။ ဖေကြီးကလည်းနောက်ကတန်းလိုက်လာသည်။

"ဘာဖြစ်တာလဲ သားကြီး"

"အငယ်ကဘာလို့ပါတီကိုရောက်လာတာလဲ ပြီးတော့အဲ့လူနဲ့ရောဘာလို့စကားပြောနေရတာလဲ"

"အဲ့ဒါဖေဖေရှင်းပြမယ်သား"

"အဲ့ဒါကိုကို့ကြောင့်လေ!"

"သားငယ်!"

"ဘာကိုပြောတာလဲအငယ်"

သူ့အဖေဆိုသူကသူ့အားခေါင်းတစ်ဆက်ဆက်ခါရင်းမပြောဖို့ တားနေပေမယ့်မြင့်မပြောပဲမနေနိုင်တော့ပါ ။ကိုကိုကသူ့အားချစ်တယ်ဆိုကာအမြဲထိန်းချုပ်နေတာကိုလည်းမကြိုက်တော့ပေ ။

"ညီလေးကိုသိပ်ချစ်ပါတယ်ဆိုပြီး နိုင်ငံခြားကပြန်လာတာနဲ့ယောကျာ်းပေးစားဖို့လုပ်တာလေ
ဘာလဲ ကျွန်တော်ကကိုကို့အမွေတွေကိုယူမှာဆိုးလို့လား"

"ဘာတွေလဲဖေဖေ!"

"အံ့မိုးမြင့်!ငါပြောပြီးပြီလေ ဒါတွေသားကြီးမသိပါဘူးလို့"

"မသိလို့သိအောင်ပြောပေးနေတာလေ ဘာလဲ
သားကြီးစိတ်ထိခိုက်မှာတော့ကြောက်တယ်မလားဦးအံ့မင်းခေါင်ရဲ့"

"မင်း!"

"အငယ်!"

ဒေါသကြောင့်လုပ်မိရာလုပ်ဖြစ်သွားပေမယ့် အချိန်လွန်သွားတော့သည် ။သားငယ်ကသူ့အားမုန်းတီးတဲ့မျက်ဝန်းတွေနှင့် ကြမ်းပြင်ပေါ်ကနေကြည့်နေသည် ။သူသားငယ်အားလက်ဖြင့်တောင်မရွယ်ခဲ့ဖူးပါ ။အခုတော့...။

"ထ အံ့မိုးမြင့်! ငါ့လက်တွဲဖော်ဖြစ်လာမယ့်မင်းကဒီလိုအစော်ကားခံဖို့မဟုတ်ဘူး"

သူ့အားလက်မှလာဆွဲထူသူက သူမထင်မှတ်ထားသူ ၊

"ပြီးတော့အန်ကယ် ကျွန်တော်ဒီနေ့ပဲအံ့မိုးမြင့်ကိုခေါ်သွားပါမယ် ပြောစရာရှိရင်ကျွန်တော့်အတွင်းရေးမှူးနဲ့ပြောလိုက်ပါ"

မြင့်ဘဝမှာတစ်ကြိမ်သာဆုံဖူးသူရဲ့လက်ကို
ဆုတ်ကိုင်ပြီးထိုလူနောက်လိုက်သွားမိသည်။
မြန်ဆန်လှတဲ့အဖြစ်အပျက်တွေကြောင့်ကိုကိုက ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတာကိုလည်းသူမြင်သည် ။စိတ်လည်းနာမိသည်။
အနည်းဆုံးတော့သူလဲကျနေချိန်ဖေးမပေးတဲ့လက်တစ်စုံကို သူရွေးချယ်မိတာအမှားမဟုတ်ဟုထင်မိသည်။

HOMEWhere stories live. Discover now