April 13 2019 ( Saturday - သင်္ကြန်အကြိုနေ့)
လမ်းသွယ်လေးထဲရှိ ပိတောက်ပင်များမှာ ဝေဝေဆာနေလျက် နှစ်သစ်ကိုကြိုဆိုနေကြသည်။
နိုင်လွှာတို့ခြံရှေ့က ပိတောက်ပင်ကြီးနှစ်ပင်မှာလည်း အဖူးအပွင့်တွေနှင့် ဝါဝါထိန်ကာလှပေနလျက်။
သူငယ်ချင်းတွေနှင့် မဏ္ဍပ်တွင်စတုဒီသာကျွေးရန်စီစဉ်ထားတာမို့ နိုင်လွှာမင်းထက်တစ်ယောက် သန့်ပြန့်ကာခံ့ညားနေသည်။အရင်နေ့တွေလည်း အမြဲချောနေတာပေမယ့်လို့ ဒီနေ့အတွက်တော့ ရှပ်အင်္ကျီအဖြူ၊ဇီးရောင်ကွက်စိပ်ပုဆိုးနှင့် မြန်မာဆန်ဆန် ယောက်ျားကောင်းတစ်ယောက်၏အသွင်အပြင်။
"သားရေ မပြီးသေးဘူးလားကွယ်..အောက်မှာစည်သူတို့စောင့်နေတယ်လေ"
"ပြီးပါပြီမေမေရယ်..ဟဲဟဲ..သားဘယ်လိုနေလဲ"
ကော်လာကိုပင့်ကိုင်လျက် မျက်နှာကိုမော့ကာ မော်ကြွားကြွားမေးရင်း ကိုယ့်ကိုယ်ကိုသဘောကျကာ ရယ်လိုက်ရသေးသည်။
"အမလေး..မေမေ့သားကချောပြီးသား"
"မေမေ့ကိုအချစ်ဆုံးပဲ.မေမေအာဘွား"
မေမေ့ပါးကိုနမ်းလိုက်ပြီးနောက် နိုင်လွှာအောက်ကိုဆင်းလာလိုက်သည်။
သူ့သူငယ်ချင်းများမှာလည်း သူ့နည်းတူရှပ်အဖြူလေးတွေနှင့် သန့်ပြန့်နေကြ၍သာ။
"သားတို့သူငယ်ချင်းကို အန်တီလည်းပြောလို့မနိုင်တော့ပါဘူးကွယ်..အန်တီမွေးထားတာ ယောက်ျားလေးလားမိန်းကလေးလားတောင်မသိတော့ဘူး။ တစ်နေရာရာသွားမယ်ဆိုရင် ပြင်ဆင်နေတာ မပြီးတော့ဘူး။ ဒီမနက်လည်း ၄နာရီလောက်ကြီးထပြီးပြင်ဆင်နေတာ ခုမှပြီးတော့တယ်"
မိဘတွေကအဲ့ဒါခက်တာပဲ။ လူကြားထဲဆိုအပုပ်ဖော်ပြီ။
"မေမေကလည်းအစောကြီးထတယ်ဆိုတာက အခါကြီးရက်ကြီးမလို့ပါ..အရင်ကကျစောစောထတာကောင်းတယ်ဆိုပြီး မေမေပဲလိုက်နှိုးနေပြီးတော့"
"အရှုံးပေးပါတယ် ကိုနိုင်လွှာရယ်"
နိုင်လွှာစိတ်လိုလက်ရရယ်လိုက်ပြီးမှ မေမေ့ကိုနှုတ်ဆက်ပြီး သူငယ်ချင်းတွေနှင့်ထွက်လာလိုက်သည်။
YOU ARE READING
နွေဦးကဗျာ [Short Story]
Romanceနွေဦးမှာ မောင်နဲ့အတူ ကဗျာတစ်ပုဒ်သီခဲ့မိတယ် _ရေအလွှာ_