[Uni+Z]
သုံးရက်အကြာ ,
ဒီနေ့ ဓာတ်ခွဲခန်းကထုတ်ပေးတဲ့အဖြေကိုသိရမှာကြောင့်
ယောင်းဂျွန်းအပြေးသွားကာ SeungMin မှာလည်း စီနီယာနောက်ကပ်ပါလျှက်။“ဘယ်လိုလဲ ဒေါက်တာ”
ဓာတ်ခွဲခန်းက ဆရာဝန်ကို အရင်ဆုံးအဖြေသိလိုဇောနဲ့မေးလိုက်ပြီး ထိုဆရာဝန်မှာလည်း မျက်နှာသိပ်မကောင်းလှ။
“စစ်ဆေးလို့တော့ပြီးပါပြီ .. အဖြေအတွက်သိပ်အားမရဘူးဖြစ်နေတယ် နောက်ပြီး ..”
ထိုဆရာဝန်မှာ ပြောရခက်နေပုံဖြစ်တာကြောင့်
“ပွင့်ပွင့်လင်းလင်းသာပြောပါဒေါက်တာ ဒါမှကျွန်တော်တို့
ကုသရေးပိုင်းကနေ ဘာဆက်လုပ်ရမယ်ဆိုတာ သေချာသိနိုင်မှာ”SeungMin မှာလည်းမျက်နှာငယ်လေးဖြင့် သူရှေ့ကဒေါက်တာတွေရဲ့စကားကို အာရုံစိုက်ထားလျှက်။
“လူနာတွေရဲ့သွေးထဲမှာ Virus တစ်မျိုးပေါက်ဖွားနေတယ် ကျွန်တော်တို့က အဲ့ Virus ကို Xozai(ဇိုဇိုင်း) လို့နာမည်တပ်ထားတယ်”
“Xozai ..?”
“အင်း အဲ့လို Virus မျိုးက ကျွန်တော်တို့နယ်ပယ်မှာ
ပထမဦးဆုံးရှာတွေ့ဖူးခြင်းဘဲ တော်တော်တော့ထူးဆန်းတယ်ဗျ”“ဘာကြောင့်များလဲဒေါက်တာ”
ဒေါက်တာယောင်းဂျွန်း စိတ်အာရုံစူးစိုက်ကာ virus အကြောင်းကို သိချင်စိတ်ကပိုပြီးပြင်းထန်လာလျှက်။
“သူရဲ့ဖြစ်စဥ်က ဆိုးဆိုးရွားရွားအခြေအနေမှာရှိတဲ့အသားဓာတ်တစ်ခုကနေပေါက်ဖွားလာတာ ကြီးထွားမှုနှုန်းကလည်းတော်တော်လေးမြန်သလို လူ့ခန္ဓာကိုယ်အတွင်း ပြန့်ပွားမှုနှုန်းကလည်း တအားမြန်ဆန်တာကိုတွေ့ရတယ်”
“ဒီ Virus က လေထဲကပြန့်နှံ့တတ်တဲ့ပိုးမျိုးမဟုတ်လို့ စိုးရိမ်စရာတစ်ခုတော့လျော့သွားပေမယ့် ဆေးစစ်ချက်မှာတွေ့လာတဲ့ ကျွန်တော်တို့ထိတ်လန့်သွားတဲ့အချက်က .. သူ့ရဲ့ကူးစက်မှုကပိုပိုပြင်းထန်လာလေ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာပေါ်မူတည်ပြီး ချက်ချင်းပြောင်းလဲသွားနိုင်တယ်”
YOU ARE READING
Apocalypse [Hiatus]
Fanfictionလူသားတွေရဲ့လောဘကြောင့်ဖြစ်တည်လာတဲ့ ဘေးကပ်ဆိုးကြီးတစ်ခုဟာ ကမ္ဘာကြီးတစ်ခုလုံးပျက်သုန်း ရလောက်တဲ့အထိဖြစ်လာချိန်မှာတော့လူတွေဟာ အသက်ရှင်ဖို့တစ်ခုတည်းအတွက် ဘယ်လိုရုန်းကန်ရှင်သန်ကြရမလဲ။ ကိုယ်ရှင်သန်ဖို့အတ္တတစ်ခုတည်းကိုသာရှေ့တန်းတင်ရင်း လူသားဆန်စိတ်တွေပျော...