"Yoongi hyung က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကိုပဲရွေးမှာ "
ဒါကတော့ Park Jimin အမြဲပြောသောစကားပင် ။
"ငါကတော့မယုံဘူး Park Jimin shi "
"Taehyung မင်းမယုံရင် ဖုန်းဆက်ပြီး ရွေးခိုင်းလိုက်လေ "
"အိုကေ "
ထယ်ယောင်း သူ့အကို min Yoongi အား ဖုန်းလှမ်းဆက်လိုက်သည် ။ Min Yoongi က idol တစ်ယောက်ပင်ဖြစ်သည် ။
"Hyung ! "
"Taehyung ah ငါအလုပ်ရှုပ်နေတယ် "
"Hyung တစ်ခုပဲ ဘာမှမစဉ်းစားဘဲဖြေ ။ ကျွန်တော် Taehyung လား Jimin လား တစ်ယောက်ရွေး "
"Jiminnie ! ဒါပဲကွာ ငါမအားတော့ဘူး "
"Wae !! Hyung !! ကိုယ့်ညီအရင်းကိုတောင် "
*တီတီ *
ထယ်ယောင်းသာ ဒေါသထွက်နေသော်လည်း မင်ယွန်းဂီမှာ ဖုန်းချသွားလေပြီ ။
"ငါမင်းကို ပြောသားပဲ "
"F**k မင်းနဲ့ငါ့အကို တွဲနေတာတော့မဟုတ်ဘူးမလား "
"အမ် တွဲတော့မတွဲပါဘူး ဒါမယ့် ငါမင်းအကိုကို ကြိုက်နေမိပြီလေ ပြောရမယ်ဆို ချစ်နေမိတာပိုမှန်မယ်ပေါ့ "
"Bro ! Are you joking? "
"သူငယ်ချင်းအရင်းကြီးကို ယောက်ဖတော်ရမှာ ဘယ်လောက်ကောင်းလဲ စဉ်းစားစမ်းပါ "
"ငါ့အကိုဘက်ကရော "
"စဉ်းစားကြည့်လေ မင်းနဲ့ငါ့တောင် ငါ့ကိုပဲအမြဲရွေးတာ ဆိုတော့ "
"ကျစ် တော်လိုက်တော့ "
"ယောက်ဖလေးကလည်းကွာ "
အခြေအနေကတော့ တွေ့တဲ့အတိုင်းပဲ ။ ထယ်ယောင်းကတော့ ဂျီမင်ကို အတော်လေး အမြင်ကပ်နေပြီ ။ အချစ်ဆုံး သူငယ်ချင်းမို့သာ သည်းခံနေရတာ ။ သို့ပေမယ့်လည်း သူ့အချစ်ဆုံးသူငယ်ချင်းက သူ့ယောက်ဖလောင်းဖြစ်လာနိုင်သည် ။
"သဘက်ခါ Yoongi hyung မွေးနေ့မလား "
"ဟုတ်တယ်လေ 30ပြည့်ပြီ "
"Oh ကြီးလာတာ မြန်ရောပဲ "
"ငါတို့ရောပဲလေ "
အချိန်တွေကုန်သွားတာ မြန်လိုက်တာ ။သူရယ် ထယ်ယောင်းရယ် စသိတာ ဆယ်ကျော်သက် 15နစ်အရွယ်လောက်ကတည်းက အခုတော့ သူတို့လည်း 27နစ်ကျော်သွားကြပါပြီ ။