7

194 13 1
                                    

Jungkookက ခရီးကနေပြန်ရောက်တော့ကျွန်တော်တို့အကြောင်းကိုသူ့မိဘတွေကိုဖွင့်ပြောလိုက်တယ်။သူကတစ်ဦးတည်းသောသားဖြစ်ပေမယ့်ကျွန်တော်သူ့ကိုအားကျလိုက်တာ ၊ သူ့မိဘတွေက သူစိတ်ချမ်းသာရင်ဘာမဆိုလုပ်တဲ့ ၊ သူချစ်တဲ့သူက ယောင်္ကျားဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ်ကိစ္စမရှိပါဘူးတဲ့လေ။

ခုဆိုကျွန်တော်တို့အပြင်မှာမတွေ့ရတာတစ်ပတ်လောက်ရှိပြီး ခရီးကနေပြန်လာကတည်းကလေ၊ ဖုန်းအဆက်သွယ်တော့ရပေမယ့် ကျွန်တော်မြတ်နိုးရတဲ့မျက်နှာလေးကိုထိတွေ့ချင်တယ်။ jungkookကတွေ့ဖို့ခနခနပြောပေမယ့် ဖေဖေနဲ့မေမေလည်းခုတလောမှအိမ်ကိုအရမ်းကပ်နေတယ်၊ ကျောင်းလည်းပိတ်ထားတော့အပြင်ထွက်ဖို့အကြောင်းပြချက်ကမရှိဘူးလေ။

jungkookမပြောနဲ့ jiminအိမ်လာလည်ရင်တောင်ဖေဖေကကြိုက်တာမဟုတ်ဘူး။ လွမ်းလွန်းလို့မနေနိုင်တဲ့အဆုံး

" မေမေနဲ့ဖေဖေသားပန်းချီသင်တန်းတက်ချင်တယ်"

" ဘာပန်းချီသင်တန်းလည်း စာကကြိုကျက်ထားမှပေါ့သားကဖေဖေတို့လို ဆရာဝန်ပဲလုပ်ရမှာလေ"

" သားစာလည်းကျက်ပါတယ်၊ ခုကစာကျက်ပြီးရင်အားတဲ့အချိန်မှပါ "

" ဟုတ်သားပဲဖေကြီးရယ် ကျွန်မတို့သားကပြောစရာမလိုအောင်စာတော်ပြီးသားပါ၊ ခုတော့အိမ်မှာပဲတစ်နေကုန်ဆိုတော့ပျင်းနေရောပေါ့၊ သားကိုတက်ခွင့်ပြုလိုက်စမ်းပါ "

" အေးပါစိတ်ထက်သန်နေတယ်ဆိုလည်းတက်ကွာ ဒါပေမယ့်စာဘက်မှာလည်းပျက်ကွက်လို့မရဘူးနော်၊ ပြီးတော့ရူပ်ရူပ်ယှက်ယှက်တွေလည်းမကြားချင်ဘူး"

" ဟုတ်ကဲ့ဖေဖေ ကျေးဇူးတင်ပါတယ်"

Jin pov: jungkookကိုပြောပြရမယ် ဟီး😁

တီး....တီ......

" အင်အချစ်"

" jungkook ငါပန်းချီသင်တန်းတက်မလို့ "

" ပန်းချီသင်တန်း?"

"အင်မေမေတို့ကိုခွင့်ပြုချက်တောင်းထားတာ"

မောင့်ရဲ့အသက်Where stories live. Discover now