ချစ်လွယ် မုန်းခက်

1.1K 84 18
                                    

"ဟာ ဖေ့ဘွတ်ခ်က ဘာလို့ဖွင့်မရတာလဲ..လိုင်းကလည်းစုတ်ပျက်နေတာပဲ..ချီး!!

အိပ်ရာမှမထခင် ဖုန်းစခရင်နဲ့အရင်မျက်နှာသစ်နေသော မိန်းမပျိုတစ်ယောက်ရဲ့ညည်းညူသံတစ်ခုနဲ့ မနက်ခင်းဟာ စတင်လာလေသည်။

ချစ်သူဆီဖုန်းခေါ်ဖို့ မျက်လုံးတစ်ဖက်ပိတ်တစ်ဖက်ပွင့်အနေအထားနဲ့ ဂဏန်းများကိုနှိပ်နေလိုက်သည်။ဆက်သွယ်၍မရ။ဒေါကပွလာသည်။

"ဖုန်းလိုင်းတွေ ဘာဖြစ်နေတာလဲ!!!!

မနက်ခင်း စိတ်မကြည်စွာ အိပ်ရာကထရင်း အိမ်ကလူတွေကို

"ဒီနေ့ဖုန်းလိုင်းတွေ ဘာဖြစ်နေတာလဲ...!!!

"နေဖင်ထိုးမှထပြီး ခုမှမေးမနေနဲ့...အာဏာအသိမ်းခံလိုက်ရပြီ..ညက ညည်းဦးလေးလည်း အဖမ်းခံလိုက်ရတယ်ပြောတယ်..အမေစုနဲ့သမ္မတအပါအ၀င် ခေါင်းဆောင်ပိုင်းတော်တော်များများ အဖမ်းခံလိုက်ရတယ်..."

ထိုစကားသံအဆုံး မျက်လုံးများ ပြူးစက်သွားရသလို ရင်ထဲလည်းပူလောင်လာသည်။

"ဒီခေတ်ကြီးမှာ အာဏာသိမ်းတယ်တဲ့လား...စောက်ရေးမပါတာတွေ..."

"ညည်းကသာစောက်ရေးမပါနေ...သိမ်းတဲ့သူကသိမ်းပြီးနေပြီ...."

ညွှန်းလက်ရာသွယ် ဦးစွာစိတ်ပူမိသူက သူ(မ)။သူ(မ)ကရော ဘယ်လိုလုပ်မလဲ။အတွေးများယောက်ယက်ခတ်ရင်း ထိုင်မရထမရဖြစ်နေရသည်။

နေ့လည်လောက်ကြ ဖုန်းလိုင်းများပြန်ပွင့်လာတော့သည်။

ရင်ထဲက အပူလုံးကတော့ကျမသွား။ဟိုလူအဖမ်းခံရတယ်။ဒီလူအဖမ်းခံရတယ်ဆိုသော ကောလဟာလတွေမှာ လူဟာနေလို့လုံး၀မကောင်း။လုပ်ချင်ကိုင်ချင်စိတ်တွေပျောက်ဆုံးရင်း စိတ်နဲ့ကိုယ်နဲ့မကပ်။ထို့ကြောင့်ပဲ လှေကားပေါ်ကအဆင်း ခြေထောက်ခေါက်ကျလေတော့သည်။ဘယ်‌ဘက်ခြေထောက် ယခုထက်တိုင်နာနေဆဲ။

တဗြီးဗြီးမြည်လာသော ဖုန်းကြောင့် စိတ်အနည်းငယ်ရွှင်လာတော့သည်။ထင်သည့်အတိုင်း ညွှန်းရဲ့ချစ်သူထံမှ။

"မိန့်ကလေးလေး...."

ထိုသို့အခေါ်လေးကို ညွှန်းအင်မတန်နှစ်သက်သည်။

ချစ်လွယ် မုန်းခက်(One Shot)Where stories live. Discover now