၂၀၀၄ ခုနှစ် ၊ ဇူလိုင်လ ။
ပစ္စုပ္ပန် ။
သန္တာရောင်သန်းသော နေလုံးကြီးသည် အနောက်ဘက်အရပ်ဆီသို့ နစ်မြောရန် ဟန်ပြင်ခိုက်တွင် သူတို့နှစ်ယောက်၏ သင်တန်းဆင်းချိန်သို့ ကျရောက်သည် ။
ဒီနေ့ vocal class မှာ အိမ်စာပေးလိုက်တဲ့ သီချင်းကြောင့် သူတို့ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းမဆိုင်ဖို့ ကြိုးစားနေကြသည် ။ သီချင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် မနှစ်ကထွက်ထားတဲ့ The Classic ရဲ့ ဇာတ်ဝင်တေး Me to you , you to me တဲ့လေ ။
အိမ်ပြန်လမ်းချင်းလည်းတူနေတော့ နှစ်ယောက်က လမ်းခွဲလို့မဖြစ်ဘဲ အတူတူ ဆက်လျှောက်လာရသည် ။ ထုံးစံအတိုင်း သူတို့ သင်တန်းနားမှာ တွန်းလှည်းကလေးနဲ့ ရောင်းနေကြ တော့ပိုကီဆိုင်ကို မြင်သောအခါ ကျန်းဟောင်က စကားစလာသည် ။
" တော့ပိုကီစားဦးမလားဟင် "
" ဟင် ! ကျန်းဟောင်က တော့ပိုကီမကြိုက်ဘူးမလား "
အရင်နေ့တွေက မေးလေ့မရှိပေမဲ့ ဒီနေ့မှ ထူးထူးဆန်းဆန်း စကားစ မေးလာလို့ ဟန်ဘင်း ပြုံးစိစိနဲ့ ဖြေလိုက်သည် ။ သူတို့နှစ်ယောက်မှာ တော့ပိုကီကြိုက်တာက ဟန်ဘင်းပါ ။ အရင်နေ့တွေကဆို ဟန်ဘင်းက ' ဗိုက်ဆာတယ် တော့ပိုကီ စားရအောင် ' လို့မေးရင်တောင် ကျန်းဟောင့်က 'ဈေးတန်းထဲက ဖက်ထုပ်ဆိုင်ကိုပဲ သွားမှာ' လို့ ပြန်ဖြေတတ်နေကြ ။
ခြောက်သွေ့အိုက်စပ်သော ဂိမန္တရာသီမို့ ဟန်ဘင်း ဒီတလော ပူပူစပ်စပ် အစားအစာတွေကို သွေးမတောင်းဖြစ်တာကြာပြီ ။ တော့ပိုကီလည်း စားချင်စိတ်မရှိပါ ။ သို့သော် ကျန်းဟောင်က မမေးစဖူး မေးလာတာကြောင့် ဒီနေ့တော့ ပူချင်လည်း ပူပါစေ ၊ တော့ပိုကီပဲ ဝင်စားလိုက်ရမလားဟု တွေးလိုက်ပါသေးသည် ။
" ဒီအတိုင်းတွေ့လို့မေးကြည့်တာ "
ကျန်းဟောင့်က ယုန်နှင့်တူသည်ဟုဆိုရမည် ။ အပြေးမြန်တာမျိုးထက် သူများကို ခိုးငေးပြီး ဘာမှမဖြစ်သလို ရှောင်သွားတတ်တဲ့နေရာမှာ သိပ်ကို မြန်သည် ။ အခုနက ဟန်ဘင်းကို တိတ်တိတ်ကလေး အကဲခတ်ပြီး ဟန်ဘင်း ပြုံးနေတာမြင်တော့ သူ့မျက်နှာ ဟိုဘက်လွှဲသွားတာ ဟန်ဘင်းတွေ့လိုက်သား ။
YOU ARE READING
If we love again
FanfictionBinhao one-shot Arranged by Dalkomhan_shots Written in Burmese ( Unicode+Zawgyi ) Start : 13/3/2023 Published Date : 15/3/2023 ( 14:06 )