<3

1.6K 181 22
                                    

Unicode

"ယူဂျင်း ဟိုမှာ မင်းအစ်ကိုမလား"

ယူဂျင်း အတန်းထဲမှာစာငုံ့ရေးနေတုန်း ဘေးက မင်ဂျွန်းကပြောလာတာမို့ အတန်းတံခါးဝကိုကြည့်လိုက်တော့ ကိုကို့ကိုတွေ့ရသည်။ ကိုကိုကသူမော့ကြည့်လာတာကိုမြင်တော့ ပြုံးပြပြီး လက်လှမ်းပြသည်။ ယူဂျင်းလည်း စာအုပ်သိမ်းကာကိုကို့ဆီကိုသွားဖို့ပြင်လိုက်သည်။

"မင်ဂျွန်း ကိုကိုကဘာကိစ္စရှိလို့လဲမသိဘူး ငါသွားတွေ့လိုက်ဦးမယ် မင်းရောလိုက်ဦးမလား"

"မလိုက်တော့ပါဘူး ဟဲဟဲ"

မင်ဂျွန်းက ယူဂျင်းကို တဟဲဟဲလုပ်ကာ စပ်ဖြီးဖြီးမျက်နှာနှင့်ပြန်ဖြေသည်။

"မင်းမျက်နှာက ဘာ​ဖြစ်နေတာလဲ"

"ဒီနေ့က White Day လေ သားကြီးရာ ငါလိုက်နေတဲ့ အထက်တန်းဒုတိယနှစ်က မမဆီချောကလက်သွားပေးမလို့လေ အဲ့ဒါကြောင့် ဒီလိုဖြစ်နေတာ"

မင်ဂျွန်းအဖြေကြောင့် ယူဂျင်းက ခေါင်းငြိမ့်ကာ ပြုံးလိုက်ပြီး

"အဆင်ပြေပါစေကွာ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ မင်းလည်းအဆင်ပြေပါစေကွာ"

နောက်ထပ်ပြောလာတဲ့ မင်ဂျွန်းရဲ့စကားကြောင့် လက်သီးနဲ့ဟန်ဆောင်ကာရွယ်တော့ မင်ဂျွန်းက တဟားဟားရယ်ကာ "သွားသွား ဟိုမှာ မင်းကိုကိုစောင့်နေပြီ" ဟုဆိုကာ သူ့ကို အတင်းတွန်းလွှတ်သည်။ သူလည်း ကိုကိုစောင့်နေရတာကြာနေမှာစိုးလို့ အခန်းတံခါးဝကို ခပ်မြန်မြန်လျှောက်သွားလိုက်သည်။

"ကိုကို ဘာကိစ္စရှိလို့လဲ"

သူမေးလိုက်တော့ ကိုကိုကပြုံးကြည့်လာပြီး

"ဘာမှမဟုတ်ဘူး ယူဂျင်းကိုတွေ့ချင်လို့"

"အပိုတွေ ရန်ဖြစ်မှာစိုးလို့ လာစောင့်နေတာမလား"

"ဟုတ်တယ် အဲလေ မဟုတ်ဘူးပြောတာ"

"ကိုကိုနော်"

"ဟားဟား ကိုယ်ကစတာ လာ ယူဂျင်းကိုပေးစရာရှိလို့"

ကိုကိုကယူဂျင်းလက်ကိုဆွဲကာ ခေါ်သွားတာကြောင့် ဘုမသိဘမသိနဲ့လိုက်သွားရသည်။ လူရှင်းတဲ့ နေရာလောက်ရောက်မှ ကျောပိုးအိတ်ထဲက ဘူးလေးတစ်ခုကိုထုတ်ပြီး သူ့ကိုပေးလာသည်။

Gyuvin Hyung Will Fight For MeWhere stories live. Discover now