Night duty ၀င်ရန်မှာလိုသေးသော်လည်း ဆေးရုံသို့ခပ်စောစောလေးသွားလိုက်သည်။သွားလိုက်စဉ် ဆေးရုံအောက်ထပ်ကော်ရစ်တာတွင်သူနာပြုခေါင်းဆောင် ဒေါ်မြမြအေးနှင့်ဆုံကြရာ၀ယ် -
"ဆာဂျင်ကြီး အစောကြီးပါလားဟဲ့"
"စောရမယ်ဟေ့ အိမ်မှာနေရင်လူသွားသတ်မိမှာစိုးလို့"
"မထိတ်သာမလန့်သာရှိလိုက်တာမေဘုန်းရယ်"
"ဘာဖြစ်လာပြန်တာလဲ"
"နင့် duty ထွက်ရင်ငါဆေးရုံနောက်ကျောကသစ်ပုတ်ပင်မှာထိုင်စောင့်နေမယ် အခန်းထဲငါမ၀င်ချင်သေးဘူး"
"အေး အေး"
"ဒါခုဘယ်သွားမှာတုန်း"
"ဘယ်ရှိရမလဲ patient drip ချိတ်ထားတာလေ ဖြုတ်မလို့"
"ကလေးတွေရော"
"စိတ်ကမရှည်ပါဘူးအေ သူတို့ခိုင်းနေရင်မာမီကြီး ဘယ့်နှယ်ဘာညာတွေကများလို့ ငါအားရင်ငါလုပ်လိုက်တယ်"
" လူနာစောင့်နဲ့အတော်မအားမှသုံးတော့တယ်"
"ညည်းမှာလည်းအေးရယ် ခုထိစိတ်မရှည်ဘူး"
"ဒါမို့...."
"ဟဲ့ အပျိုကြီးဖြစ်တဲ့ကိစ္စထည့်မပြောနဲ့"
"ဆာဂျင်တွေဘာတွေနားလည်ဘူး လက်ထဲကကိုင်လာတဲ့ဗန်းကနင့်အတွက်ဖြစ်သွားမယ်"
"သူနာပြုကိုကြောက်ရတဲ့ဆရာ၀န်ဆိုလို့ ငါပဲရှိမယ်ထင်တယ်အေးရယ်"
"နင့်ပါးစပ်ကိုကငါ...."
"နင်နဲ့စကားပြောတာ စိတ်ညစ်တာနည်းနည်းပြေတယ်"
"စောင့်နေမယ်"
"အေး အေး Ward ထဲကအပြန် duty off မှာ စောင့်နေ"
ဒေါ်မေဘုန်းကြွယ်နှင့်ဒေါ်မြမြအေးမှာအထက်တန်းကျောင်းတွင်ဆုံခဲ့ကြပြီး ယခုချိန်ထိပြောမနာဆိုမနာသူငယ်ချင်းများအဖြစ်ရှိနေကြတုန်းပင်။လူ့အသက်တစ်ချောင်းကိုကယ်ဆယ်နေကြသည့်ဆေးမှုထမ်းများအဖြစ်လည်းတစ်နည်းတစ်ဖုံပြန်ဆုံကြပြန်၍ သံယောဇဉ်ပိုလို့တိုးကြရသည်။ဒေါ်မြမြအေးမှာဒေါ်မေဘုန်းကြွယ်ကဲ့သို့အရွေးလွန်အပျိုကြီးဘ၀နှင့်အရိုးထုတ်မည့်ပုံပေါ်လေသည်။
![](https://img.wattpad.com/cover/336942721-288-k830935.jpg)
YOU ARE READING
Surgeon (Completed)(Unicode)
Romance"ဆာဂျင့်ဘာသာဘယ်လောက်ကြီးကျယ်မြင့်မြတ်နေတဲ့မိန်းမဆိုဆို နုလက်မထပ်ဘူး" နုထက်ကုဋေ