Part 2

86 11 7
                                    

ကျောင်းဝန်းထဲမှာ 'အာ့ ' (ဝင်တိုက်တာပါနော်)
Fluke က ohm ကိုဝင်တိုက်ပြီးချော်လဲတော့မလိုဖြစ်သွားတော့ ohm က fluke ခါးလေးကို လှမ်းဆွဲလိုက်တော့နှစ်ယောက်သားအ ကြည့်   ချင်းဆုံ ပြီးတော့မှပြန်ခွာပြီး

Fluke -sorry ပါအစ်ကို ကျွန်တော်မမြင်လိုက်လို့ပါ

Ohm-ရပါတယ် အစ်ကိုလည်းမမြင်လိုက်လို့

Fluke -ဟုတ်ကဲ့ ဒါဆိုကျွန်တော်သွားပြီနော်

(fluke တစ်ယောက် ရှက်ရှက်နဲ့ထွက်ပြေးသွားတာပေါ့)

Ohm -နာမည်လေးတောင်မမေးလိုက်ရဘူး

ကန်တင်းမှာတော့....

Gunsmile -Boun ohm ရောမလာသေးဘူး

Boun- မင်းတွေ့လို့လားသူထိုင်နေတာ

Gunsmile - အကောင်းမေးနေတာကိုအကောင်းမပြောဘူး

Boun- ဟိုမှာလာပါပြီ မင်းဘာလို့နောက်ကျနေတာလဲ ohm

Ohm-  ဟိုလူတစ်ယောက်အကြောင်းစုံစမ်းနေလို့ပါ

Gunsmile -ဘယ်သူလဲ

Ohm -မနက်တုန်းကတွေ့ခဲ့တဲ့ကောင်လေးတစ်ယောက်အကြောင်းပါ

(ohm လည်းအကြောင်းစုံပြောပြလိုက်တယ်)

Boun -အခုရောဘာသိရပြီလဲ

Ohm -ဟင့်အင်း အဆိုးဆုံးကသူ့နာမည်လေးတောင်မမေးမိလိုက်ဘူးကွ

Gunsmile -ဘာမှမပူနဲ့ငါစုံစမ်းပေးမယ်

အဲ့ဒီ့ အချိန် fluke နဲ့ love ကန်တင်းထဲဝင်လာပြီး ohm တို့စားပွဲနဲ့မျက်စောင်းထိုးမှာဝင်ထိုင်လိုက်တယ် fluke က ohm ကိုမြင်သွားပြီး....

Fluke - Love ငါနင့်ကို ပြောတဲ့ သူဟိုဘက်ဝိုင်းမှာထိုင်နေတယ်

( love ကလှည့်ကြည့်မယ်အလုပ်)

Fluke -မကြည့်နဲ့လေ

Love -အေးအေး ဒါပေမယ့် နင်မျက်နှာတွေနီရဲနေတာဘဲ fluke

တစ်ဖက်မှာလည်း...

ohm -ငါတွေ့ပြီ

Gunsmile -ဘာလဲ သရဲလား

Ohm -ဘောကို သရဲ ငါပြောတဲ့ကောင်လေး ဟိုဘက်ဝိုင်းမှာထိုင်နေတယ်

love တို့ဝိုင်း ကို boun တို့သုံးယောက် ကြည့်နေကြတာပေါ့ အဲ့ဒီ့ အချိန် prem ရောက်လာတယ် ရန်ဖြစ်ထားလို့ ဗိုက်ကနာနေပြီးလမ်းတောင်သိပ်မလျှောက်နိုင်ဘူး နှုတ်ခမ်းမှာလဲသွေးစတွေနဲ့ပေါ့..

love ကအော်ပြောလိုက်တယ်

Love -fluke ဟိုမှာ prem

fluke -လာသွားခေါ်ကြရအောင်

love နဲ့ fluke လဲ prem ကိုခေါ်ပြီးစားပွဲမှာထိုင်ခိုင်းလိုက်တယ်

love-ကဲ ရန်ဖြစ်လာပြန်ပြီလား

Prem -သိရဲ့သားနဲ့ဘာလို့မေးနေတာလဲ

Fluke -မင်းကလည်း ဒေါသကိုထိန်းမှပေါ့

Prem -သူတို့ကအရင်လာရန်စတာလေ အဲ့ဒါ ကိုငါကငြိမ်ခံနေရမှာလား

Love -တော်တော့ အခုကျောင်းဆေးခန်းသွားမလား ဒဏ်ရာတွေဆေးထည့်ရအောင်

Prem - ဒီလောက်လေးနဲ့မသေနိုင်ပါဘူး။

Fluke -မသေနိုင်တာတော့သိတာပေါ့။ ဒါပေမယ့်သွေးတွေထွက်နေတုန်းဘဲ။

Prem -ငါဘာမှမဖြစ်ပါဘူး။ တကယ်ပါ။ ဒီနေ့တော့ အတန်းမတက်တော့ဘူးနော်။ ငါအဆောင်ဘဲပြန် လိုက်တော့မယ်။

Fluke /love -အင်း ☺

Prem လည်းထွက်သွားတော့

Boun- prem တဲ့လား

Gunsmile - မင်းဘာလုပ်မလို့လဲ boun

Boun -ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းစိတ်ဝင်စားစရာကောင်းလို့ပါ

Ohm - မင်းကြည့်လုပ်နော်

Boun-အင်း 😏

ဖြတ်ခဲ့မယ်နော် တိုသွားတယ်ထင်တယ် နောက်နေ့မှရှည်ရှည်လေး up ပေးပါ့မယ် ကျေးဇူးတင်ပါတယ်။

A Bad Boy's loveWhere stories live. Discover now