Patient တစ်ဦးသည်ဆရာ၀န်တစ်ယောက်အတွက် စာမေးပွဲတစ်ခုနှင့်တူသည်။ထိုစာမေးပွဲအတွင်းမှ မေးခွန်းများကိုဖြေဆိုနိုင်မှအောင်မြင်သကဲ့သို့ လူနာ၏ခန္ဓာကိုယ်မှပစ်ချက်ရှိသည့်နေရာကိုအတိအကျသိပြီးကိုင်တွယ်နိုင်မှ အောင်မြင်သောခွဲစိတ်မှုတစ်ခုမည်၏။
ယနေ့ Theatre အတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေကာ တာ၀န်ခံဆရာ၀န်နှင့် AS သူနာပြု မေ့ဆေးဆရာ၀န်တို့သာရှိသည်။၀မ်းဗိုက်တွင်ဒဏ်ရာရရှိသည့်လူနာကိုခွဲစိတ်နေခြင်းဖြစ်သည်။
ခွဲစိတ်ခန်းတွင်အသုံးပြုလေ့ရှိသည့် မီးပွင့်သေးသေးလေးများစုပြုံတပ်ထားသည့် မီးပွင့်ကြီးမှအလင်းက ဖွင့်ထားသည့်ဗိုက်တွင်းမှအရာများကိုရှင်းလင်းစွာမြင်နေရပြီး ဒေါ်မေဘုန်းကြွယ်အာရုံမပြန့်စေဘဲ ခွဲစိတ်မှုတွင်းအာရုံစိုက်ထား၍ ဘေးကဒေါ်မြမြအေးကို လက်အမူအယာဖြင့် ကတ်ကြေး၊ဇာဂနာ စသဖြင့်တောင်းနေသည်။
အတွဲညီသည့်သူငယ်ချင်းမှာ လိုအပ်သည့်ကိရိယာကိုချက်ချင်းထုတ်ပေးလိုက်ပြီး -
"ဆာဂျင်"
"ပြောပါရှင့်"
"ဘယ်လိုလဲ ပြီးတော့မလား"
"Stab Wound ရှာနေတာလေ"
"တွေ့ပြီလား"
"တွေ့ပြီ အပေါ်ယံလေးထိတာမို့ မကြာလောက်ပါဘူး"
"မြန်ချင်နေပြီလားမာမီကြီးက"
"ဟဲ့ မေဘုန်း"
"ပြောင်နေနော် လူကြီးလူကြီးလိုမနေဘူး"
"မမအေးရာ ဆာဂျင်ကအရင်တည်းက မမအေးဆိုနေရာတကာစနေတာသိရဲ့သားနဲ့"
AS အဖြစ်ခွဲစိတ်မှုတွင်ပါ၀င်သည့် နွယ်နွယ်က လှမ်းပြောလိုက်ရာ မေ့ဆေးဆရာ၀န်ဖြစ်သော်လည်း ဒေါ်မေဘုန်းကြွယ်၏ခွဲစိတ်မှုအချို့ကို စိတ်၀င်စား၍ ဘေးကကြည့်နေသည့် ဒေါက်တာဝေမွန်ဦးကမူ -
" ဆာဂျင် မမအေးကိုသွားမစနဲ့"
"သူစိတ်ဆိုးရင်ကတ်ကြေးနဲ့ဇာဂနာမှားပေးတာသိလား"
"ဟဲ့ ဒီကောင်မလေးနာတော့မယ်"
"တော်ကြပါဟယ် နင်တို့တစ်သိုက်နဲ့ Theatre ထဲရောက်တဲ့နေ့ဆို ငါရယ်ချင်တယ်"
![](https://img.wattpad.com/cover/336942721-288-k830935.jpg)
YOU ARE READING
Surgeon (Completed)(Unicode)
Romance"ဆာဂျင့်ဘာသာဘယ်လောက်ကြီးကျယ်မြင့်မြတ်နေတဲ့မိန်းမဆိုဆို နုလက်မထပ်ဘူး" နုထက်ကုဋေ