အချိန်က ညနေပိုင်း အချိန်။
" ဝေါ ...ဝေါ ..."
လေပြင်းတို့က ခပ်ကြမ်းကြမ်း တိုက်ခတ်
နေသည်။" အ အ အ အ့ "
တောကျီးကန်းသံတို့ကလည်း ကျွတ်ကျွတ် ညံနေသည်။
ဒလ သည် သူရောက်ရှိနေတာ ဘယ်အရပ်လည်းမသိ ဖြစ်နေသည်။လူတစ်စုက သူ့ကိုဖမ်းချုပ်ပြီး သူ၏မျက်လုံးကိုလည်း အ၀တ်အနက်ဖြင့်စည်းနှောင်ထားသောကြောင့် ဖြစ်သည်။
" မိတ်ဆွေကြီး ..ခင်ဗျားတော့ သစ္စာ ဖောက်ခံလိုက်ရပြီ သိလား... သေတော့လည်း မင်းတစ်ယောက်ပဲသေခဲ့ ဆိုတဲ့ စကားအတိုင်း ခင်ဗျားခေါင်းဆောင်က သေရွာလွှတ်လိုက်တာ ခင်ဗျားက ပျော်နေရော့ သလားပဲ "
" ခွေးမသား တွေ ထွီ "
ဒလ က သူ့ကို ဆံပင်ဆွဲပြီး ထိုသို့ပြောနေသူ၏ မျက်နှာ နေရာကို မှန်းဆကာ တံတွေး ထွေးချ သဖြင့် ထိုသူက အတော်ဒေါသထွက်ပြီး ဒလ ၏မျက်နှာကို အားပါပါနှင့် ရိုက်ချလိုက်လျှင် ဒလ မျက်နှာ လည်ထွက်သွားပြီး သွေးစအနည်းငယ်စီးကျလာသည်။
ဒလ၏ ထိုသို့ မရှူမလှ မြင်ကွင်းကို တစ်ဖက် တွင် အခြေနေ စောင့်ကြည့်နေသော ဥတ္တရာ က အခွင့်ရေး စောင့်နေသည်။ သူ; မသိ လိုက်တာက သူတို့ခေါင်းဆောင်သည်လည်း အနီး ကတစ်နေရာတွင် ရှိ နေခြင်းဖြစ်သည်။ ဥတ္တရာ က လှုပ်ရှား ဖို့ ပြင်စဉ် အေ၀းမှ သူတို့၏ ခေါင်းဆောင်က အချက်ပြသဖြင့် စောင့် ကြည့်နေသည်။
ဒလ ကို ဖမ်းထားသူက အဆက်မပြတ် ရိုက်နှက် နေသဖြင့် ဥတ္တရာသည် စတင်လှုပ်ရှားတော့သည်။
" သေတော့ တစ်ယောက် ထဲသေခဲ့ ဆိုတာ ခင်ဗျား တို့ကို ပြောလိုက်သလားပဲ။ " ဥတ္တာရာ၏ ထိုစကားသံကြောင့် ထိုသူစိမ်းက တစ်ချက်ကြည့်လိုက်ပြီး အထင်မြင်သေးသည့်ပုံစံဖြင့် ...
" ဪ ...ဘယ်သူများ မှတ်တယ်။ တည်မြဲမိန့်ရဲ့ အသုံးတော်ခံ လေးပဲ။ ဇ ကတော့ မသေးဘူး "
" ဇ က မသေးလို့ ရန်သူ ပိုင်နက်ထဲ ရအောင် ၀င်လာတာ ကွ... အသုံးတော်ခံ ဆိုလည်း ဘာဖြစ်လည်း ...မနာလို ဖြစ်နေတာလား အဟက် "
YOU ARE READING
The Crack Of Dawn...(Own Characters)
Actionဤဇာတ်လမ်းတွင် ပါ၀င်သော အကြောင်းအရာများသည် စာရေးသူ၏ဖန်တီးမှု တစ်ခုသာဖြစ်သည်။ မားဖီးယား type ပေမယ့် မှောင်ခို လက်နက် ကုန်သည်တို့ ဈေးကွက် တိုက်ပွဲနဲ့အတူ အချစ်တိုက်ပွဲတွေအကြောင်း ရေးထားပါတယ်။ စိတ်၀င်စားရင် ဖတ်ရှူ ဝေဖန်ပေးကြပါဦး။ 🙏🥰 Mature on ထားပါတယ...