3

3 0 0
                                    

ရန်ကုန်ပညာရေးတက္ကသိုလ်ဟာ တခြားလူတွေအတွက်တော့ မပြောတတ်ပေမယ့် ဝိုင်ချိုဦးအတွက်တော့ ပျင်းတယ်။ ပျင်းလွန်းလို့သေတော့မယ်။ ဘယ့်နှယ် တက္ကသိုလ်လည်းပြောသေးတယ်။ မနက်၈နာရီအတန်းချိန်တဲ့။ ၀ရုန်းသုန်းကားနဲ့ ဖယ်ရီ၅၁ပေါ် ပြေးတက်လာရတယ်။ ၅၁ဆိုတာ ယာဉ်လိုင်းနံပါတ်ကိုပြောတာ။ တရား၀င် ကျောင်းဖယ်ရီတော့ မဟုတ်ဘူး။ အဆောင်နေကျောင်းသူတွေ သွားရအဆင်ပြေအောင်ဆိုပြီး အဆောင်မှူးက ၅၁ ကို ငှားပေးတာ။ ပိုက်ဆံကတော့ ပုံမှန် ကိုယ်လိုင်းကားစီးသလိုပဲ ကိုယ့်ဘာသာကိုယ်ပေးစနစ်ပေါ့။ ဒါပေမယ့် အဆောင်ရှေ့ထိလာပေးတာမို့ ဘာတာမှတ်တိုင်ထိလမ်းလျှောက်သွားစရာမလိုဘူး။ မနက်ပိုင်း လိုင်းကားတိုးမစီးရတော့ဘူးပေါ့။

အယ် ညနေတော့မကြိုဘူးဆရာရေ။ ကိုယ့်ဘာသာလိုင်းကား စီးပြန်ပဲ။ ဒါကလည်း တစ်ယောက်နဲ့တစ်ယောက်မေဂျာမတူရင် ပြန်တဲ့အချိန်လည်းမတူကြလို့လေ။ ဝိုင်ချိုဦးတို့ကတော့ ရန်ကုန်ရောက်တဲ့တစ်လ အတွင်း လိုင်းကားမှားစီးမိလို့ သမိုင်းမှတ်တိုင်ကျော်အထိလည်း ပါသွားဖူးပြီးပြီ။ Junction squareက စက်လှေကားကို ကြောက်လို့ တုန်ချိတုန်ချိနဲ့လည်း တက်ခဲ့ဖူးပြီးပြီ။ အဲ့လိုပြောလို့လည်း မလှောင်နဲ့လေ။ ဘားအံမှာမှ အဲ့တာတွေမရှိပဲ။ တီဗီထဲမှာပဲ မြင်ဖူးတာကို။ ဒီရောက်မှ နဖူးတွေ့ဒူးတွေ့လေနော်။ တုန်ချိဖြစ်တာ ဆန်းသလား။ ဓါတ်လှေကားဆို ဖွင့်လည်းမတတ်သလို ပိတ်လည်းမတတ်လို့ တစ်ယောက်တည်းဆို ဘယ်တော့မှမစီးဘူး။ ကြောက်လို့လေ။

'ဟယ် မိဝိုင် နင် ဖိုးသီဖတ်သီနဲ့ဟယ်။ မိတ်ကပ်တောင်လိမ်းမမီပြန်ဘူးလား'

ဝေဝေကတော့ သူ့ကိုကြည့်ပြီး အံ့ဩဘ ကမ္ဘောဇလုပ်နေပြီ။ အံ့ဩတာလည်း မပြောနဲ့လေ။ ကျောင်းတက်တဲ့တစ်လမှာ မနက်၈နာရီအတန်းတိုင်းကို မျက်နှာပြောင်နဲ့တက်နေကြကို။

'မနက်စာတောင်မမီဘူး'

ပြောရင်း ဗိုက်ကဆာလာပြီ။ မနက်၆နာရီဆို အဆောင်က မနက်စာကျွေးတယ်။ နေ့လယ်စာတော့ ကျောင်းရောက်မှ စားကြပေါ့။ ညနေစာကြတော့ အဆောင်က ညနေ၅နာရီကနေ ၇နာရီအထိကျွေးတယ်။သူကတော့ ညနေစာပဲ ပုံမှန်စားဖြစ်ပါတယ်။ မနက်စာမှမမီဘဲလေ။

Hard To LoveWhere stories live. Discover now