𝖦𝖯'𝗓 𝖵𝗈𝗒𝗌 𝖧𝗂𝗌𝗍𝗈𝗋𝗒

4K 206 3
                                    

"ယနေ့တင်ပြချင်တာကတော့
မြို့တော်၀န် ဂျွန်ဂျောင်ကုရဲ့ မူးယစ်ဆေးများ
ကုန်သွယ်ရေးရှာဖွယ်တွေ့ရှိမှုတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း မြို့တော်၀န်ဂျွန်ကို ဖမ်းဆီးဖို့
ကြိုးစားကြပေမယ့်..."

TV ကနေထုတ်လွှင့်နေတဲ့သတင်းကို
ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ကာပိတ်ပြီး
‌ကျိန်ဆဲနေသည်က သတင်းထဲပါလာသည့်
မြို့တော်၀န်ဂျွန်ဂျောင်ကုဆိုသည့်လူသား။

"စောက်ကျိုးနည်းသတင်းတွေ
လာလွှင့်နေတယ်။ ဒီသတင်းထောက်မ
ဘယ်မှာမှအလုပ်မ၀င်နိုင်အောင်ဖြုတ်ပစ်ဦးမယ်"

ဖုန်းခေါ်လိုက်သည်က
မန်နေဂျာဆီ

"ယူဂျင် မင်းဘယ်လို သောက်လုပ်လုပ်နေတာလဲ
အခုတက်လာတဲ့သတင်းကို ဖျောက်ပြီး
အဲ့သတင်းထောက်မနဲ့ အဲ့သတင်းဌာနကိုမီးလောင်တိုက်သွင်းပစ်လိုက်"

ခပ်ပြတ်ပြတ်ပြောပြီး ဖုန်းချလိုက်သည်။
မြို့တော်၀န်တစ်ယောက်ဖြစ်ရတာမလွယ်ပါလား။
အသက်ငယ်ငယ်နဲ့ ထိုအလုပ်ကြီးကို
တာ၀န်ယူထားရသည်မှာလည်း မလွယ်လှပေ။
ဘယ်လိုအကျိုးပေးကံတွေကြောင့်လည်းလည်းမသိ။
မိဘမရှိ မိတ်ဆွေမရှိတစ်ကောင်ကြွက်သူက
မြို့တော်၀န်နေရာကိုလိုချင်ပြီး
ထိုနေရာရအောင်လည်းမိဘတွေချန်ခဲ့တဲ့
ငွေအင်အား၊ လူအင်အားတွေသုံးပြီး
ပြည်သူတွေရဲ့အချစ်ကိုအရယူထားသလိုအသက်ငယ်ငယ်နဲ့ မြို့တော်၀န်လေးမို့
အခုလိုသတင်းတက်လာလည်း ပြည်သူတွေက
မယုံဘူးပေမယ့် ဒီလိုဂျွန်ဂျောင်ကုကို
ထိုသို့ပြောဆိုပြီး တင်ရဲတဲ့သတင်းထောက်မကို
တော့အပြစ်ပေးသင့်တယ်မလား။
ရှင်းရှင်းဆိုသူမှောင်ခိုမလုပ်တာကတော့တကယ်ပင် ခပ်ပြတ်ပြတ်သာပြောရမည် သူ့အသက်က
အခုမှ (၁၉) နှစ်။

"မဲကငါ့အတွက်က ပိုများနေတာပဲ
ဒီနှစ်ရွေးကောက်ပွဲအတွက် သေချာပေါက်
ငါဆိုတဲ့ သူပဲရမှာပဲ"

နှစ်ကုန်ခါနီးမို့ ရွေးကောက်ပွဲလည်း တဖြည်းဖြည်း နီးကပ်လာတာကြောင့် ဂျွန်ဂျောင်ကုတစ်ယောက် ပရဟိတ လူမှုရေး စသည်တို့မှာပိုမိုကြိုးစား ပမ်းစားပါ၀င်မှုကြောင့် လူထုအချစ်ပိုရလာတယ်ပြောရမလားပဲ။ ဒီလိုလုပ်တာတွေထဲမှ သူစေတနာရှိတာတစ်၀က်ပါသလို တစ်၀က်က‌
တော့မရှိဘူးပဲပြောရမယ်။

𝖣𝗎𝖽𝖾!𝖩 & 𝖵Where stories live. Discover now